06

4.1K 435 15
                                        

Unicode

“ စွဲရေ ”

စာငုံ့ရေးနေရင်း ရင်းနှီးတဲ့အသံကြောင့် အသံလာရာကို‌ မော့ကြည့်မိတော့ ..မထင်မိထားတဲ့ ညို့....

“ ငါ့ကိုလွမ်းနေလား ”

“ မင်းက ဦး‌ဧကရာဇ်မို့ ငါကလွမ်းရမှာလား ”

“မင့် ယောင်္ကျား ငါ့ကိုလည်း လွမ်းပါအုံး အဲ့ဘိုးတော်ကိုပဲ လိုက်ကပ်မနေနဲ့ ”

ထိုစကားကိုကြားတော့ စွဲလမ်းနိုင်က ဘာလို့အဲ့လိုပြောတာလဲ ဆိုသည့် သဘောဖြင့် တံတောင်ဖြင့်တွတ်၏။

“ငါဘယ်လို ကျောင်းပြောင်းလာလဲ
မသိချင်ဘူးလား ၊ အရင်လို စကားများပါအုံး ”

သူပြောမှ  စွဲလမ်းနိုင် သတိရသည် ။
ကျောင်းအသစ်ကို ပြောင်းလာပေမယ့်
အခုထိ အရင်ကျောင်းလို့ပဲ ထင်နေတုန်း ။
ဒါကြောင့် စွဲညို့သက္ကကို တွေ့တော့ မအံ့ဩမိတာဖြစ်သည် ။

“ အင်း မင်းဘယ်လိုရောက်လာတာလဲ ”

စွဲလမ်းနိုင် မေးတော့ သူက ခုံပေါ်ကို သူ့လွယ်အိတ်အရင်ချသည် ။
ပြီးကာမှ ဘေးသို့ ဝင်ထိုင်၏။

“အဲ့လူ ဘဝင်မြင့်နေတဲ့ မင်းအဖေက....  ”

“ငါ့အဖေမဟုတ်ပါဘူးကွာ ”

အဖေလို့ပဲ ပြောရုံသာရှိသေး မဟုတ်ကြောင်း ချက်ချင်းငြင်းလာတဲ့ စွဲလမ်းနိုင် ။ သူက ထိုသို့ ပြောလျှင် လုံးဝမကြိုက် ။ သားအဖလို့ဆက်ပြောလျှင် စွဲက စိတ်ဆိုးမှာစိုး၍ စကားလမ်းကြောင်းလွှဲရသည်။

“ ငါက မင်းရဲ့ ကျောင်းကိုမေးတာကွာ ၊
ပြန်မဖြေဘူး ၊ ကျောင်းအုပ်ကြီးကို သွားမေးမှရတယ် ဒါတောင် မနည်းမေးရတယ် ။
ဦး‌ဧကရာဇ်က ငါမေးတာကို
ဖြေတော့ သူ့သားကိုငါကလုသွားမှာမို့လို့လား  ”

“သားမဟုတ်ဘူးနော် ဟေ့ကောင် ”

စွဲလမ်းနိုင်က စွဲညို့သက္ကကို ထပ်သတိပေးပြန်ပြီ ။
မှားမှားပြောနေတဲ့ ဒီပါးစပ်ကိုလည်း ပိတ်ရိုက်ပစ်ချင်လှသည် ။

“‌တော်ပြီကွာ ဆက်မပြောတော့ဘူး ”

“မပြောနေပေါ့ ”

I'm Not D A D D Y's SonNơi câu chuyện tồn tại. Hãy khám phá bây giờ