15

3.7K 443 41
                                    

Unicode

“စွဲ...စွဲလမ်းနိုင်  မင်းအဖေလာပြီ”

“ ဘယ်သူ.. ဦးဧကရာဇ်လား”

ဝေဟင်ကျော့် စကားကြားပြီး သူက လျှာလေးအာလေးပြန်ဖြေကာ လှဲနေရာက ကုန်းထပါလေရော ...

“မသွားနဲ့လေ မင်းကို သတ်မှာပေါ့ ”

မိုးယံသစ်ဝင်ပြောပေမယ့်လည်း စွဲလမ်းနိုင်က နားမဝင် ။ နှစ်ကောင်သားက ထိုကောင့်ကိုဆွဲထားတာကြောင့်  ထ လို့မရ ။
သုံးယောက်လုံးပုံစံက ‌ခြေပစ်လက်ပစ်
ထိုင်နေကြပြီး ။ ရုန်းရင်းဆန်ခတ်ဖြစ်နေသည် ။

“ ဘာဖြစ်နေကြတာလဲ ? ”

နဂိုထက် စိတ်ဆိုးသံပါနေတဲ့ အသံကြောင့် စွဲလမ်းနိုင်ကို ချုပ်ထားတဲ့ နှစ်ယောက်သားရဲ့ လက်တွေ လျော့သွားသည် ။
ဒါကို အခွင့်ကောင်းယူပြီး အမူးသမား ပြေးထွက်သွားတာက ရှေ့တည့်တည့်မှာရှိတဲ့
ဦးဧကရာဇ်ရှိရာ ။ ဧကရာဇ်နောက်မှာတော့ ကျောင်းလာကြိုတုန်းကလှည့်ပတ်ခဲ့တဲ့ အတွင်းရေးမှူးဦးလေးကြီးရှိနေသည် ။

“မွေးစားအဖေ ! ကျွန်တော့်ဒယ်ဒီ !! ”

လျှာလေး အာလေး အော်ပြောပြီး ဦးဧကရာဇ်ခါးကို
တည့်တိုး ပြေးဖက်လိုက်တာ...။

“ဘဲကြီး...ကျွန်တော် လွမ်းနေတာဗျာ ”

ထိုစကား‌ကြောင့် ဦးဧကရာဇ်စိတ်ဆိုးမယ်လို့
‌ဝေဟင်နဲ့မိုးယံ ထင်လိုက်မိသော်လည်း
ထိုလူ့မျက်နှာက ‌အချွဲခံလိုက်ရသလိုမျိုး မျက်မှောင်ကြုံ့တာကအစ ပြေလျော့သွားတယ်လေ ။

စွဲလမ်းနိုင်က ဦးဧကရာဇ်ကို လုံးဝမခွာပဲ ကပ်ထားဆဲဖြစ်နေပြီး ။
ဦးဧကရာဇ်ကပါ ပြန်ဖက်ထားလေတော့ ။
အဆူခံရတာ နည်းနည်းတော့ လျော့ကောင်းလျော့နိုင်ပါရဲ့ ။

ထိုလူက ဝေဟင်တို့ အိမ်ကအရက်ခန်းကို
မျက်မှောင်ကြုံ့ကြည့်နေပြန်တယ်...
ခုံပေါ်က ရှုပ်ပွနေတဲ့ ပုလင်းတွေအရောက်မှာ
ရပ်တန့်သွားပြီး သူ့ခါးကိုဖက်ထားပြီး မျက်လုံးမှိတ်ကာ ရောက်ရာရာ စကားတွေပြောနေတဲ့ စွဲလမ်းကို ထပ်ကြည့်လာတယ် ..။

“သူသောက်ထားတာလား? ”

သူမေးလာတာက ဝေဟင်ကျော်နဲ့မိုးယံသစ်ကို ။
အသံက တည်တည်ကြည်ကြည်နဲ့ ယတိပြတ်ဆိုတော့ ရှိန်စရာတော့ကောင်းတာအမှန် ။

I'm Not D A D D Y's SonWhere stories live. Discover now