28

1.4K 121 20
                                    

Unicode

အိမ်ပေါ်ထပ်ကနေ အောက်ဆင်းလာတော့ ဦးဧကရာဇ်ကိုမတွေ့.. မနက်ကလဲ မတွေ့ဆိုတော့
ဒီလူ သူ့အခန်းကို ပြန်အိပ်သွားတာများလား?
အဲ့လိုလဲမဖြစ်နိုင် စွဲအိပ်သွားတဲ့အချိန်အထိ ထိုလူက ဖက်ထားတာလေ ...။
အချိန်က အခုမှမနက် ၈နာရီစွန်းစွန်းပဲရှိသေးသည် ။

သူခြံထဲမှာရှိလောက်တယ် ။

ထိုသို့တွေးပြီး လွမ်းလာတာကြောင့်  သူခြံထဲသွားဖို့ပြင်လိုက်ပေမယ့်ခြေလှမ်းတို့ တုံ့သွားသည် ။
သူ ဦးဧကရာဇ်ကို မခေါ်ဘူးဆိုတာ
သတိရသွားသည် ။ ပြီးတော့ သူ ဧည့်ခန်းကို ဦးတည်၍ အဖွားရှိရာ သွားဖို့ပြင်လိုက်သည် ။
သို့ပေမယ့် ဘေးမှ ထွက်လာတဲ့ စကားသံလေးကြောင့် သူရပ်လိုက်မိသည် ။

“ သခင်လေးကို  သူဌေးက
ထမင်းစားခန်းမှာ မနက်စာစားဖို့စောင့်နေတာ ”

သူနဲ့အသက်တူတူ‌‌လောက်ဖြစ်သည့် ကောင်မလေးက စွဲကိုလာပြောတာဖြစ်သည် ။
ပထမဆုံး တယောက်ရဲ့ အခေါ်အဝေါ်က သူ့ကိုအနေရခက်စေသည် ။ ထိုအခေါ်အဝေါ်ဟာ အသက်မကွာပဲ နဲ့အဆင့်အတန်းခွဲခြားသလိုမျိုးပင် ။
သူ မကြိုက် ။ ဒါကြောင့် သူ နာမ်စားကိုအရင်ပြင်ပေးလိုက်၏ ။ 

“ အကိုစွဲလို့‌ခေါ်လို့ရတယ် ”

နာမည်အရင်းခေါ်ခိုင်းရင်လဲ မကောင်းတာကြောင့် အကိုဟု တပ်ခေါ်ခိုင်းလိုက်၏ ။ သူမ ပါးလေးတွေ
ရဲသွားတာကို တွေ့လိုက်ရသည် ။

“ ဒါပေမယ့် သူဌေးက..”

ထိုကောင်မလေးက တုံ့ဆိုင်းသွားသည် ။
ဒီလိုခေါ်လို့ ဘယ်ရမလဲ .. သခင်လေးဟု သူဌေးကိုယ်တိုင်က ထိုသို့ ခေါ်ခိုင်းတာပင် ။
သူမ ကြောက်လန့်နေတဲ့ပုံကြောင့် သူထပ်ပြောလိုက်သည် ။

“ ငါ့နာမည်ကိုပဲခေါ်ပါ ”

ထိုကောင်မလေးက စကားပြန်မလာဘဲ ။ သူ့အနောက်ကိုကြည့်နေတာကြောင့် စွဲလမ်းနိုင်ပင် အနောက်ကို လှည့်ကြည့်လိုက်မိသည် ။ အနောက်မှာ ဦးဧကရာဇ် ။
သူ့မျက်ခုံးတို့က အလိုမကျဟန် တွန့်ချိုး၍နေသည် ။
စွဲ စကားမစနိုင်သေးခင်..ထိုလူရဲ့ နားထောင်ကောင်းတဲ့ အာဏာရှင် အမိန့်ဆန်ဆန်လေသံ...

I'm Not D A D D Y's SonOù les histoires vivent. Découvrez maintenant