17

3.7K 416 45
                                    

Unicode

“သား မနာဘူးလား”

အန်တီတင့်အသံကြားတော့ ကုတင်ထက် ထိုင်နေရင်း ခေါင်းငုံ့နေရာက စွဲလမ်းနိုင်မော့ကြည့်လာတယ် ။
သူက ခေါင်းငုံ့ပြီး မျက်ရည်တွေကို မမြင်အောင် ဖိသုတ်နေတာငိုနေတာ ။ ဒီကလေး ဧကရာဇ်ရှေ့မှာတော့
မနာသလိုဟန်ဆောင်ထားတာ ။

“အရမ်း..နာ...တယ် ”

မေး‌တဲ့သူရှိတော့ မျက်နှာလေးက ကြိတ်ငိုနေရာက တဖြည်းဖြည်း မျက်ရည်တွေပိုကျလာတယ် ။
အစက အန်တီတင် မသိအောင် မျက်ရည်စတွေကို ဖိသုတ်နေတာ ။ အန်တီတင်သာသိရင် ဦးဧ ကိုသွားပြောမှာ ။ အဲ့ဆို ဦးဧကရာဇ်စိတ်မကောင်းဖြစ်မှာစိုးတယ် ။

“ အန်တီတင်... သိ...လား
ကျွန်တော် အရမ်းနာ...တာပဲ ။
တစ်ခါမှ ဦးဧ ..ကလေ ဦးဧ..က မရိုက်ဖူးဘူး ။ ကျွန်တော့်...ကို အော်တောင်မအော်ဖူးဘူး... ”

ရှိုက်ရင်းပြောတော့ အန်တီတင်မှာစိတ်မကောင်း ။
တစ်ကယ်ဆို ဒီကလေး အိမ်ရောက်တည်းက ပျော်ပျော်ရွှင်ရွှင်နေတာပဲမြင်ခဲ့တာ ။
ငိုတာဆိုလို့ ဟိုတစ်ခေါက် ကျောင်းကပြန်လာတဲ့အချိန်ရယ် ။
ဒီနေ့ရယ်ပဲရှိတာ ။
ဧကရာဇ်က သူ့ကို ဆူတာငေါက်တာတောင်မရှိ ။
ဒီနေ့မှ ရိုက်တာ ။

“သားရယ် ”

အဲ့ကလေးကို ခေါင်းလေးကိုင်ပြီးအားပေးတော့
သူက ထပ်ဝမ်းနည်းလာပြီး ငိုချတယ် ။

“ဦးဧကရာဇ်ကို ကျွန်...ကျွန်တော် လိမ်လိုက်မိလို့
အ..အမှန်ဆိုကျွန်တော် မလိမ်လိုက်မိသင့်ဘူး ”

သူကမျက်ရည်တွေသုတ်ပေမယ့် ထပ်ကျလာဆဲ ။

“ အန်တီတင် ။ ဦးဧ..ကိုပြန်မပြောပါနဲ့နော်
စိတ်မကောင်းဖြစ်...မှာစိုးလို့ ။ ကျွန်တော်...
နာလို့ငိုတာ ၊ ဦး..ကိုစိတ်ဆိုးလို့မဟုတ်...ဘူး
နော် အန်တီ ”

“အေးပါသားရယ် အန်တီမပြောပါဘူး ”

အဲ့လိုပြောတော့မှ ကောင်လေးက မျက်ရည်တွေကို
လက်ခုံနဲ့ပြန်သုတ်တယ် ။
နှာကို တရှုံ့ရှုံ့လုပ်နေရင်းမှ အန်တီတင့်ကို အဆင်ပြေကြောင်း ပြုံးပြလာတော့ စိတ်ထဲမကောင်း။

I'm Not D A D D Y's SonTahanan ng mga kuwento. Tumuklas ngayon