33

1.4K 114 12
                                        

Unicode


"စွဲလမ်းနိုင် ဒီနေ့ မင်းအဖေလာမကြိုဘူးမလား "

ဝေဟင့်စကားကြောင့် ကျောင်းရှေ့မှာတစုံတစ်ယောက်ကိုမျှော်ကြည့်နေသည့် အကြည့်လေးတွေရပ်တန့်သွားရသည် ။ ဟုတ်ရဲ့ ၊ လွန်ခဲ့တဲ့ရက်အနည်းငယ်တည်းက ဦးဧကရာဇ်သည်
ပရောဂျက်အသစ်ဖြင့် အလုပ်မအားတာကြောင့် ဝေဟင်တို့နှင့်အတူပြန်လာဖို့သာ ပြောထားတာကို မေ့သွားတာဖြစ်၏ ။

ထိုလူက ဒီလတွေအတွင်းမှာ အလုပ်ကိစ္စ ခရီးထွက်ရတာတွေပါရှိနေတာကြောင့်ဖြစ်သည် ။ ဦးဧ အိမ်တွင်မရှိသည့် နေ့ဆိုလျှင်တော့ ‌ဝေဟင်ကျော်နှင့် မိုးယံသစ်က လာအိပ်ပေးသည် ။ ယခုဆိုလျှင်လည်း ထိုလူ အလုပ်ကိစ္စဖြင့် အမေတို့ ရှိနေသည့် Brazil မှာရောက်နေတာ ဖြစ်သည် ။ ကြာမည်ဖြစ်တာကြောင့် သူမသွားခင် ဂရုစိုက်ရန် သတိရတိုင်းမှာနေသည် ။ မသွားမဖြစ်မို့ သွားရကြောင်း ။
ဖျက်၍မရသည့် အလုပ်ကိစ္စဖြစ်၍ သွားရကြောင်း ။
အမြန်ပြန်လာမည်ဖြစ်ကြောင့် မသွားခင်တည်းက နားပူအောင်ပင် မှာခဲ့သည် ။ စွဲကို စာကိုသာပိုလုပ်နေပါတဲ့လေ ။
စာလုပ်ပြီး အိပ်ရာဝင်ခါနီးချိန်မှာလဲ ထိုလူနှင့် ခနတာ
Video Callပြောရသေးသည် ။ ဦးဧခေါ်ထားပေမယ့် အလုပ်နှင့် လက်ကမပြတ်ပဲ စွဲကသာ အလုပ်လုပ်နေသည့် ထိုလူ့ကို ထိုင်ကြည့်နေရတာ ။ စွဲဘက်က ဖုန်းချပြန်ရင်လည်း ပြန်ခေါ်တာပဲ ။ ဒါကြောင့် သူ‌ video call ခေါ်ပြီး အလုပ်လုပ်နေလျှင် စွဲကလဲ စာလုပ်နေလိုက်တော့တယ် ။ အဲ့အချိန်ကျတော့ ထိုလူက နားသည့်အချိန်ခနလေးမှာတောင် သူ့ကိုကြည့်မနေဘဲ
စာလုပ်နေလို့ဆိုပြီး စိတ်ဆိုးလေရဲ့....။ ဒါကြောင့် တချို့ရက်ဆိုရင် ဦးဧ ကို ကြည့်နေရင်းနှင့်ပင် အိပ်ပျော်သွားသည့် ရက်တွေပင်ရှိသေး၏ ။
သူ့ကိုပဲ ဂရုစိုက်စေချင်တဲ့အထိ ဒီလူက တကယ် အဖြစ်သည်းတာ ။

~

သုံးယောက်သား ကျောင်းမှ လမ်းလျှောက်ပြန်လာကြ၏ ။ စွဲလမ်းနိုင်နှင့်ဝေဟင်ကျော်ကတော့ ကိစ္စတခုကြောင့် အနည်းငယ် တွေးပူနေသည် ။ ထိုကိစ္စဟာ နောက်ရက်အနည်းငယ်နေလျှင် ကျရောက်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကြောင့်ဖြစ်သည်။
စာတော်သည့် မိုးယံသစ်ကတော့ ပေါ့ပေါ့ပါးပါးပင် ။
ကျကျန်ခဲ့တာ မဖြစ်ရလေအောင် စာကိုပိုကြိုးစားဖို့လိုနေသေးသည် ။ မကျအောင်ဆိုတာထက် ဦးဧကရာဇ် ပေးထားသည့် ကတိကြောင့်ဖြစ်၏ ။

I'm Not D A D D Y's SonWhere stories live. Discover now