08

3.7K 500 50
                                    

Unicode

"မင်းတို့ မိဘတွေ ခေါ်ရမယ် "

ကျောင်းအုပ်ဆရာကြီးရဲ့အသံကြောင့် ရုံးခန်းထဲမှာ ရှိတဲ့ ကျောင်းသားတွေ အကုန် လှုပ်လှုပ်ရွရွဖြစ်သွားသည် ။

"စာရေးမကြီး Registerထဲကမှာ မှတ်ထားတဲ့ သူတို့မိဘ ဖုန်းထဲနံပါတ်တွေကို ခေါ်လိုက် ။ "

ကျောင်းအုပ်ဆရာကြီးက ခုံမှာ ထိုင်ရင်း မလှမ်းမကမ်းက စာရေးမ ကိုပြောသည် ။
ပြီးနောက် ကျောင်းသားတွေကို လှည့်၍

"မင်း ၊ ဟိုနေ့ကပဲ ရန်ဖြစ်လို့ အတန်းပြောင်းလာရတယ် ၊ ဒီနေ့ထပ်ဖြစ်ပြန်ပြီ"

သူက ဝေဟင်ကျော်ကို ကြည့်ကာပြောလိုက်ခြင်းဖြစ်သည် ။
ပြီးနောက် စွဲလမ်းနိုင်ဖက်ကိုလှည့်ကာ

"မင်းရောပဲ အရင်ကျောင်းမှာတုန်းကလဲ ရန်ဖြစ်တယ်ဆို ၊ ကျောင်းပြောင်းလာတာမှ
မကြာသေးဘူး "

ကျောင်းအုပ်ကြီးစကားကြောင့် နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိ၏ ။ နှစ်ယောက်လုံးရဲ့ မျက်နှာမှာလည်း
ထိုးခံရတဲ့အရာတွေကြောင့်
စပ်ဖျင်းဖျင်းဖြစ်နေသည် ။

" မိုးယံသစ် ၊ မင်းကရော ဘာကြောင့် ဝင်ပါတာလဲ
အတန်းပိုင်နဲ့လည်း ပြဿနာဖြစ်တယ် ၊ အခန်းပြောင်းပေးတော့လည်း ရန်ဖြစ်တယ် "

ကျောင်းအုပ်ကြီးရဲ့ စကားကြောင့် မိုးယံသစ် ခေါင်းကို ငုံ့ချလိုက်သည်ကို မြင်လိုက်ရ၏ ။
သူကဘာမှ ပြန်မငြင်း ပြောသမျှ ငုံ့ခံနေသည်။
ထိုအခါ မနေနိုင်ရသူက စွဲလမ်းနိုင် ။

"သူကိုအနိုင်ကျင့်နေလို့ ကျွန်တော်နဲ့ ဝေဟင်နဲ့ ဝင်ထိုးတာ ၊ ဟိုကောင်တွေက မိုးယံ ဘာမှမလုပ်ပဲ ဘလိုင်းကြီး ပြောနေတာ "

"တိတ်‌စမ်း ၊ ဘာလို့ ‌ဒီလောက် ရိုင်းစိုင်းနေတာလဲ
လူကြီးကို ဒီလိုမပြောရဘူးဆိုတာ
မိဘတွေ မဆုံးမထားဘူးလား ၊ "

စွဲက တရစပ်ဝင်ပြောတော့ ကျောင်းအုပ်က ဝင်အော်သည် ။
အမေက စွဲလမ်းနိုင်နဲ့ အသက်သိပ်မကွာတာကြောင့်
သူမလည်း သူမဘာသာနေ ၊ စွဲလမ်းနိုင်လည်း သူ့ဘဝသူနေ ၊ အဖေက‌တော့ အရင်တည်းက တောင်းတခဲ့သော်လည်း မရှိမြင်ဖူးခဲ့ဘူးလေ ။
ဒါကြောင့် ကျောင်းအုပ်ရဲ့ နောက်ဆက်တွဲ စကားက စွဲလမ်းနိုင်ကို တစ်ကယ်အထိနာစေသည် ။
ထိုစကားဟာ ပါးစပ်ပိတ်သွားစေဖို့ လုံလောက်ခဲ့၏။

I'm Not D A D D Y's SonDonde viven las historias. Descúbrelo ahora