Unicode
“ Daddy.....”
လုံးဝ မပြီးပြတ်ပဲ ပစ်ထားခဲ့ရတဲ့
စီမံကိန်း အချို့ပြန်ပြင်နေတဲ့အချိန်
အရှေ့က ခပ်တိုးတိုးအသံကြောင့် မော့ကြည့်မိလိုက်တယ် ။ခေါင်းအုံးကို ပိုက်ထားပြီး အကျီအပွအယွ
ဘောင်းဘီ အပွကြီးကို ဝတ်ထားတဲ့ သူ့ကို ရယ်ချင်ချင်ဖြစ်ပေမယ့် ကိုယ်တော်လေးစိတ်ဆိုးမှာလည်း
ကြောက်ရသေးတယ် ။
သူ့ကိုရိုက်လိုက်မိတည်းက ခြိမ်းခြောက်ပြီး မနည်းပြန်ချော့ထားရတာ... ။
ဒါကြောင့် ရုပ်ကို ပြန်တည်ပြီးမေးရတယ် ....။
သူက အလိုလိုက်ရင် လိုက်သလို ရောင့်တက်တာ ။“ Daddyမဟုတ်ဘူး ...ငါ့နာမည်ဧကရာဇ်”
ခပ်တည်တည်နဲ့ ဦးဧ စကားသံကြောင့်
စွဲလမ်းနိုင် မျက်နှာလေး ရှုံ့မဲ့သွားသည် ။
ဒီလူကလေ Daddyလို့ခေါ်ရင်
လုံးဝမကြိုက်ဘူးဗျာ ။
ကျွန်တော်ကတော့အသံထွက်လေး သဘောကျလို့ ခေါ်တာ...“ဒါဆို...ကျွန်တော့်အဖေလား ”
ဒါတစ်ခါ ဟန်မဆောင်နိုင်အောင် မျက်နှာမဲ့သွားတာကတော့ ဦးဧကရာဇ် သူက အလုပ်လုပ်နေတုန်းမို့ မျက်မှန် မထူမပါး အမဲရောင် အဝိုင်းလေးကိုတပ်ထားသည် ။ ဒီလိုမှ သူက ပိုကြည့်ကောင်းသလို ....။
ငေးနေရင်းမှာပဲ သူ့နှုတ်ခမ်းပါးက လှုပ်ရွလာတယ်...“တော်...တော်...အဖေလို့လာမခေါ်နဲ့
မင်းအဖေမဟုတ်ဘူး..နောက်ကျနေပြီ
အခန်းပြန်တော့ ”ထိုသို့သာ ပြောပြီး သူက မျက်မှန်ကိုပင့်တင့်လျှက်
လက်ချောင်းသွယ်သွယ်တွေကို Laptopအပေါ် ပြန်လည်ပြေးလွှားနေသည် ။“ ဘဲကြီး ...အတူတူ အိပ်ရအောင်”
အသံလည်းကြားရော သူ့လက်ချောင်းတွေက
တိခနဲ ရပ်လိုက်သည် ။
စွဲလမ်းနိုင်ပဲ စိတ်ထင်လေသလား ။
သူ့မျက်နှာက နဂိုထက်ပိုကြည်လင်လာသလို ။“ ဒါဆို လာလေ ....”
သူ့အသံကြည်ကြည်ကို မတုံ့ပြန်နိုင်ခင်
သူက မျက်မှန်ချွတ်ပြီး ဗူးထဲ ပြန်သိမ်းနေပြီ ။
Laptopကိုပိတ်ပြီး သူက ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ စွဲလမ်းနိုင် အရှေ့တောင် လျှောက်လာနှင့်ပြီ။
![](https://img.wattpad.com/cover/245371712-288-k483077.jpg)
YOU ARE READING
I'm Not D A D D Y's Son
RomanceJust a Romance....🍀🍀 [ I'm not Daddy's Son, Just Daddy's Baby] [ DADDY × BABY ] / Burmese Character / / Age Gap / START - 24.Oct. 2020 END -