Unicode
“ ဧကရာဇ် !! မင်းကကျွေးခဲ့တဲ့လက်ကို ပြန်ကိုက်တာပဲ ”
ခပ်တုန်တုန်နဲ့ထွက်လာတဲ့ထိုလူ့စကားကြောင့် သောက်လက်စ ကော်ဖီခွက်ကို
ပြန်ချထားလိုက်သည် ။
ထို့နောက် ...“ ကိုက်တယ် ? ဘယ်သူပြန်ကိုက်တာလဲ ?
ကျုပ်ခင်ဗျားကို ကျေးဇူးပြန်ဆပ်ပေးထားပြီးသားလေ
ဂျပန်နဲ့ချိတ်ထားတဲ့ခင်ဗျားတို့စီမံကိန်းကျရှုံးသွားတာ
အဲ့စီမံကိန်းကြောင့် shining groupက
မွဲပြာကျလုနီးပါး ဖြစ်သွားတာ
အခုပဲ ဘဝမေ့သွားပြီလား? ”“ မင်းကိုဘယ်သူက ကူညီခိုင်းထားလို့လဲ !?”
ထိုအဖိုးကြီးက သူ့ရှေ့က ဖန်ခွက်ကို နံရံသို့ ခွမ်းခနဲပစ်ချပြီး
အော်ပြောတယ် ။ ဂိတ်ဆုံးအထိဒေါသထွက်နေပုံရတဲ့ထိုလူဟာ
အသားတွေပါ တစ်ဆတ်ဆတ်တုန်နေပြီး
မျက်နှာကြီးတစ်ခုလုံးနီရဲနေသည် ။
အသက်၇၀လောက်ရှိပုံရသော်လည်း ထိုသူက ၇၀နဲ့မလိုက်အောင် သန်မာနေတုန်း ။
သူကတော့ အခြားသူမဟုတ် စွဲညို့သက္ကနိုင်ရဲ့အဖိုး
Shining Groupရဲ့ လက်ရှိ
ဉက္ကဌ ဦးမျိုးရှိန်းနိုင် ပဲဖြစ်တယ် ။“ ငါ့မြေး ငယ်နိုင်..ကိုပဲပြန်ပေးပါ ကျေးဇူးပြုပြီး
မင်းဘာတောင်းတောင်း ငါပေးမယ် ”အဖိုးကြီးရဲ့စကားသံက အဆုံးမှာတိုးလျပြီး
အားလျော့ကျသွားသည် ။“ဘာတောင်းတောင်းပေးမှာလား? "
“ အေး..ပေးမယ်.Shining Groupကို
လိုချင်လည်းပေးမယ် ”ထိုအဖိုးကြီးစကားကို ဧကရာဇ် ခနဲ့တဲ့အပြုံး တစ်ချက်လောက်ပြုံးလိုက်တယ် ။
“ လိုချင်တာ စွဲလမ်းနိုင် ”
အခုမှ စိတ်လျော့သွားဟန်ရှိတဲ့ ထိုအဖိုးကြီးက
ထိုစကားကြောင့်ပြန်ပြီး ဒေါသထွက်လာပြန်တယ် ။“ ဧကရာဇ်... မင်း.. ”
“ ခင်ဗျား မပေးနိုင်ရင် လာမပြောနဲ့ ။ စွဲညို့သက္ကနိုင်ကိုလည်း ကျုပ်ရဲ့ငယ်ငယ်နဲ့လာမပတ်သက်ခိုင်းနဲ့ ။
သူ့ကိုနိုင်ငံခြားကိုလွှတ်လိုက်....
ကျုပ်ပြောတာရှင်းလား ? ”

YOU ARE READING
I'm Not D A D D Y's Son
RomanceJust a Romance....🍀🍀 [ I'm not Daddy's Son, Just Daddy's Baby] [ DADDY × BABY ] / Burmese Character / / Age Gap / START - 24.Oct. 2020 END -