12

3.5K 425 25
                                    

Unicode

      ဆော့လက်စ ဖုန်းကို ဘေးပစ်ချပြီး အိပ်ယာစကို ခပ်တင်းတင်းဆုပ်ထားလိုက်မိ၏။အချိန်ကည10နာရီပင်ရှိနေပြီ ။ဦးဧကရာဇ်က စွဲလမ်းနိုင်ကို ညစာအတူတူစားဖို့ လာမခေါ် ။
အရင်ကဆို အန်တီတင် မဟုတ်လျှင် ဦးဧ ၊ လာလာခေါ်တတ်တာ ။ ကိုယ်တိုင်လည်း ဗိုက်အသေဆာ‌နေပြီမို့ ဆင်းစားချင်ပေမယ့်
မာနက လက်မခံ ။ ဦးဧ မှလာမခေါ်ရင် မစားဘူးဟု စွဲလမ်းနိုင် ဆုံးဖြတ်ထားသည် ။

စိတ်က ဆုံးဖြတ်ပေမယ့်လည်း ဆာနေတဲ့ဗိုက်က သည်းမခံနိုင် ။ အခုလောက်ဆို သူလည်းအိပ်နေလောက်ပြီ ။
မသိအောင်ဆင်းပြီး စားလိုက်လည်းဖြစ်တာပဲ ။
ဒါကြောင့် ခြေသံဖွဖွဖြင့်အခန်းထဲက ထွက်ပြီး
kitchen roomထဲရောက်လာတော့
ဘယ်သူမှမရှိ ။ အလင်းရောင်သပ်သပ်ဖွင့်ပြီး
ဘာစားစရာရှိလဲ စွဲလမ်းနိုင် အံကြိတ်ပြီးလိုက်ရှာနေမိသည် ။

“ ဆင်းမလာတော့ဘူးထင်တာ ”

‌နောက်ပါးဆီမှ ရင်းနှီးနေတဲ့ ဩရှရှအသံကြောင့် စွဲလမ်းနိုင် တုန်တက်သွား၏ ။
သူ့ကိုစိတ်ဆိုးနေတာကြောင့် မသိအောင် လာစားပါတယ်ဆိုမှ သူနဲ့ပဲဒဲ့တိုးတာ ။

နီးစပ်ရာခေါက်ဆွဲခြောက်ထုပ်ကို ဆွဲပြီး သူ့ကို ရှောင်ကာ အိမ်ပေါ်ပြေးတက်ဖို့ပြင်မှ
အနောက်လှည့်တော့ စွဲလမ်းနိုင် နှဖူးနှင့် ဝင်တိုက်မိလိုက်တာက သူ့ရင်အုပ်ကျယ်ကျယ် ။

အီစိမ့်သွားတဲ့နှဖူးကို အသာဖိကိုင်ရင်း စိတ်ဆိုးနေတဲ့ မျက်နှာထားနဲ့ သူ့ကိုမော့ကြည့်မိတော့ ....
သူက ညနက်တဲ့အထိ အလုပ်လုပ်နေတုန်းထင်၏။
အကျီဟာ အိမ်နေရင်း ပေါ့ပေါ့ပါးပါးလေးဝတ်ထားပြီး ။
မျက်နှာလေးထောင့်မကျအဝိုင်းမကျလေးကို တပ်ထား၏ ။ တည်ကြည်ခန့်ညားတဲ့
သူ့မျက်နှာက ဒီလိုမျက်မှန်တပ်မှ လူကြီးဆန်သွားသလို ။

“ဦး..ဦးဧ ၊ ဘာလာလုပ်တာ..လဲ”

“ကိုယ်က ကြွက်သံကြားလို့ဘယ်ကကြွက်လဲ
လာကြည့်တာ ၊ လက်စသတ်တော့ ဧကရာဇ်ကို စိတ်ဆိုးနေတဲ့ကြွက်လေးဖြစ်နေတာကိုး”

သူက ပြုံးစစမျက်နှာထားနဲ့ စွဲလမ်းနိုင်ကို ငုံ့ကြည့်ပြီးပြောသည် ။
အစက ထိုစကားကို အဟုတ်မှတ်လို့ ။
နောက်... သေချာပြန်စဉ်းစားကြည့်မှ
ဦးဧ ၊ ရုပ်တည်ကြီးနှင့်စနောက်နေမှနိးသိတာ ။

I'm Not D A D D Y's SonWhere stories live. Discover now