11

3.4K 418 21
                                    

Unicode

သိပ်မကြာခင်မှာ ခြံထဲသို့ ကားဝင်လာသံ
ကြားရချေပြီ ။ အမှတ်မမှားရင် ဒါဟာ ဦးဧ ၊ ၏ ကားသံဖြစ်၏ ။

“ဟော ရောက်လာပြီ ”

ဦးဇာတိမာန်ရဲ့စကားအဆုံး စွဲလမ်းနိုင်ရဲ့ ကိုယ်လေး ထိုင်နေရက်မှ အနည်းငယ် မတ်သွား၏ ။
အကြည့်ကတော့ တံခါးအပေါက်ဝမှာ ။

မကြာခင် သူကခြေလှမ်းမှန်မှန်နဲ့ ဝင်လာတော့ တစ်အိမ်လုံးလှုပ်လှုပ်ရှားရှားဖြစ်သွားသည် ။
ဦးဧ ၊ ကို မဝံ့မရဲကြည့်မိတော့ သူကလည်း စွဲလမ်းနိုင်ကိုကြည့်နေဆဲ ။
စိတ်ဆိုးနေတဲ့ အကြည့်လိုဖြစ်သော်လည်း သူ့မျက်ဝန်းထဲမှာ ‌နွေးထွေးမှုတော့ရှိသည် ။

“ ဧကရာဇ် လာ ထိုင် ”

ဦးဇာတိမာန်က ခေါ်တော့ သူက စွဲလမ်းနိုင်တို့သုံးယောက်ရဲ့‌အရှေ့က ဦးဇာတိမာန်ရဲ့မလှမ်းမကမ်းမှာ ဝင်ထိုင်သည် ။

“ ဘယ်လိုဖြစ်လို့ရောက်လာတာလဲ ? ”

ဦးဧ ရဲ့အမေး ဦးဇာတိမာန်က ဖြေဖို့ပြင်တော့ စွဲလမ်းနိုင် နှုတ်ခမ်းကိုဖွဖွကိုက်ထားလိုက်မိပြီး
စကားကိုနားစွင့်ထားလိုက်၏ ။

“မင်းရဲ့သားကလေ ....”

“ငါ့သားမဟုတ်ဘူး ! ”

“သူ့သားမဟုတ်ပါဘူးဆို ! ”

ဦးဇာတိမာန်ရဲ့ စကားမဆုံးသေးခင် ဦးဧ နှင့် စွဲလမ်းနိုင်ရဲ့ ပြိုင်တူထွက်လာတဲ့ စကားကြောင့် ဦးဇာတိမာန် ပါးစပ်ပိတ်လိုက်၏ ။
ထို့နောက်...

“ မင်းတို့သားအဖကလည်း ဆတ်ဆတ်ထိမခံ ”

“မင်းအလောင်းကို မင်းကိုယ်တိုင်ကောက်ပြီး
ပြန်ချင်တာလား?”

ဦးဧ ရဲ့ စကားကြောင့် သုံးယောက်သား တဟားဟားဖြစ်သွား၏ ။ သို့ပေမယ့် မကြာလိုက် ။
လူကြီး‌နှစ်ယောက်ရဲ့ စကားဝိုင်းကြောင့် တိတ်ဆိတ်သွားရသည်

“ အေးပါ မင်းကလေးထိန်းတာ အရမ်းမချုပ်ချယ်နဲ့ သူတို့လိုအရွယ်လေးတွေကထိန်းချုပ်လွန်းရင်လည်း လွတ်ထွက်သွားမယ်”

ဦးဇာတိမာန်ရဲ့စကားကို ဦးဧ ခေါင်းညိမ့်လျှက်သာလက်ခံသည် ။

I'm Not D A D D Y's SonWhere stories live. Discover now