13

3.6K 428 51
                                        

Unicode

အရင်က ကျောင်းတစ်ဖက်နဲ့ ကျောင်းစရိတ်အတွက် အလုပ်လုပ်နေရတဲ့ ဧကရာဇ်နဲ့ဇာတိမာန်တို့အတွက်က
စွဲလမ်းနိုင်တို့ အိမ်ဟာ အလုပ်ရအောင်ပေးတဲ့အိမ် ။
သူတို့အိမ်က ပိုင်ဆိုင်တဲ့ ကုန်တွေကို သဘ်ောဖြင့် ဦးလေးနဲ့အတူလိုက်ပို့ရတာကြောင့် အခက်အခဲမရှိ။
၁၆နှစ်မှာ အလုပ်စဝင်ခဲ့တာ ဒါပေမယ့် အဲ့အရွယ်က ငယ်လွန်းတယ်ဆိုပြီး ဦးလေးရဲ့လက်တိုလက်တောင်း လုပ်ပေးတဲ့ လူ ။

ဇာတိမာန် ပထမဆုံး အလုပ်စစဝင်တော့ သူတို့အိမ်တွင်းရေးက
သိသိသာသာဆိုးရွားနေတယ် ။
အဓိက ပြဿနာက အမရဲ့ ယောင်္ကျားနဲ့ ဖောက်ပြန်တဲ့ ညီမဆိုပြီး အပစ်ပယ်ခံ‌နေရတဲ့မွေးခါနီး ကိုယ်ဝန်ကြီးနဲ့ မိန်းကလေးတစ်ယောက်..သူမကအသက်၁၉လောက်ပဲရှိလိမ့်ဦးမယ်.. ။
အမြဲတမ်း မျက်နှာက ညိုးနေတာ ။
ဘယ်သူနဲ့မှစကားမပြော သူ့ဟာသူ စာဖတ် ။
ခြံထဲ ဆင်းထိုင် ။ ဒါပဲလုပ်နေလေ့ရှိတာ.။
တစ်ခါတစ်ရံ တွေတွေလေးနေပြီး
တစ်စုံတစ်ခုတွေးနေပုံပဲ ။

တစ်ခါပဲ...ဧကရာဇ် သူမကို တစ်ခါပဲတွေ့ပြီး ။
အလုပ်နဲ့ သဘ်ောလိုက်သွားရတာ
တစ်နှစ်လောက်ကြာတယ် ။
ပြန်လာခဲ့တော့ သူမ မရှိတော့ ။
၁နှစ်သားအရွယ် ချစ်စရာကလေးလေးတစ်ယောက်နဲ့ ကလေးထိန်းအမျိုးသမီးတစ်ယောက်က..
ထိုမိန်းကလေးအစား နေရာယူလာတယ် ။
အဲ့ကလေးငိုတယ်.. ဧကရာဇ်ထိုအိမ်ကို အလုပ်ကိစ္စနဲ့လာတိုင်း
အဲ့ကလေး ငိုနေတာ...။
ကလေးထိန်းကလည်း ဂရုစိုက်ပုံမပေါ် ။

ဒီလိုနဲ့ ၂နှစ်... ။
ကျောင်းတက်ရမည့်ကိစ္စတွေ ။
ကျောင်းချိန်နဲ့ကိုက်ပြီး အလုပ်ကိုလိုက်ရတဲ့ ကိစ္စတွေကြောင့် အဲ့ဒီအိမ်ဖက် ခြေလှမ်းမလှည့်ဖြစ်တော့ ။ တစ်ချက်တစ်ချက်တော့ သတိရမိပါသေးတယ် ။ ဘယ်လိုပဲ အဖေရှိတယ်ပြောပြော အဲ့အဖေက ဂရုမစိုက်တော့ မိဘမဲ့ကလေးပဲမဟုတ်လား ။
သူ့အမေကတော့ ‌မွေးပြီးချင်း မီးတွင်းထဲဆုံးသွားတယ်တဲ့လေ ။
ထိုကလေးကိုတွေ့တော့ ဧကရာဇ်သနားမိတာတော့အမှန်ပဲ ။
ကိုယ်တိုင်လည်း လူမှန်းသိတတ်စတည်းက
အဖွားနဲ့ပဲနေခဲ့ရတာမဟုတ်လား ။
မိဘမရှိလို့ မျက်နှာငယ်ရတာတွေ ။
အနှိမ်ခံရတဲ့ခံစားချက်တွေက အများသားမို့
ဆိုးရွားတဲ့လောကဒဏ်တွေကို အဲ့ကလေး မခံနိုင်မှာလည်း ဘာမှမဆိုင်ပဲ
စိုးရိမ်နေမိသေးတယ် ။

I'm Not D A D D Y's SonTempat cerita menjadi hidup. Temukan sekarang