Unicode
“သခင်လေး ၊ ဉက္ကဌ ကို
စိတ်ညစ်အောင်မလုပ်နဲ့နော် ”ကားပေါ်က ဆင်းသွားသည့် စွဲလမ်းနိုင်ကို
စိတ်မချသည့် ပုံဖြင့် ပြောလာသည့် ကိုဟန်ရယ်ပါ။“ ဘာလဲ ကိုဟန်က Daddyကိုကြိုက်နေတာလား”
“ အခေါ်အဝေါ်ဆင်ခြင်ပါ ။ ဦးဧကရာဇ် ပါ ၊ ပြီးတော့ ကိုဟန်က လက်ထပ်မယ့်မိန်းကလေးရှိပြီးသား ၊ ယောင်္ကျားတစ်ယောက်ကို မကြိုက်နိုင်ပါဘူး ”
“ကျွန်တော်က စတာပါဗျာ ၊ ကျွန်တော်လည်း ကိုဟန့်လိုဖြစ်ရင်ကောင်းမှာပဲနော်၊ ”
ထိုစကားကို တိုးတိုးသာသာပြောလိုက်တာ
ဖြစ်သော်လည်း ကိုဟန်က သနားသလို ကြည့်နေသည်လေ ။ထိုအကြည့်တွေကို စွဲလမ်း တစ်ကယ် မုန်းပါသည် ။
စွဲလမ်းရဲ့ဘဝမှာ မတူသလို မတန်သလို နှိမ့်ချအပြောဆိုခံရတာနဲ့
သနားခံရတာကို အမုန်းဆုံး ။
ကိုဟန့်ရဲ့ သနားသလို အကြည့်တွေကို ရှောင်ဖယ်ရင်း...“ ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်ဗျ ”
ကိုဟန်က ခေါင်းညိမ့်ပြုံးပြကာ သူသွားတော့မည်ဖြစ်ကြောင်း ပြော၍ ကားကို ထွက်သွားတော့၏။
သူထွက်သွားသည်နှင့် ဦးဧ နှင့် စွဲလမ်း နှစ်ယောက်တည်းသာ နေသည့် အိမ်ဝန်းကြီးထဲသို့ ဝင်လာခဲ့တော့၏ ။အစေခံတွေကတော့ ခြံဝန်းထဲက
အစေခံတန်းလျားမှာသာနေပြီး အိမ်ကြီးထဲသို့ အကြောင်းမရှိပဲမလာပါ ။ အိမ်အပေါက်ဝမှာ ရှိတဲ့ အမှိုက်ပုံးလေးထဲ ဆေးရုံက ပေးလိုက်သည့် ဆေးထုတ်ကို ပစ်ထည့်လိုက်၏။
ပြီးနောက်သီချင်းလေး တစ်ညည်းညည်းဖြင့် အိမ်ထဲ ဝင်လာတော့ ဧည့်ခန်းအလည်က ဆတ်တီခုံပေါ်မှာ ခြေထောက်ချိတ်ကာ ထိုင်၍ စီးကရက်သောက်နေသည့် ဦးဧ ၊ က မီးတောက်နေသော မျက်ဝန်းတို့နှင့်ကြိုဆိုနေသည် ။“ဆေးကို မသောက်ပဲ
လွှင့်ပစ်ရမယ် ဘယ်သူသင်လဲ ၊ မင်းရဲ့ အမေက သင်ထားတာလား ”“ကျွန်တော့်ကို မသေအောင်
ကယ်လိုက်တာ ဦးဧ ၊ လား? ”“ အန်တီတင် ”
စွဲလမ်းရဲ့အမေးကို ဦးဧ၊ သည်တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလာသည် ။ သူ့မျက်ဝန်းက ကြည်လင်နေပြီး ဘယ်ချိန်ကြည့်ကြည့် သူက သပ်ရပ်ပြီး ချောမောနေ၏ ။

ESTÁS LEYENDO
I'm Not D A D D Y's Son
RomanceJust a Romance....🍀🍀 [ I'm not Daddy's Son, Just Daddy's Baby] [ DADDY × BABY ] / Burmese Character / / Age Gap / START - 24.Oct. 2020 END -