34

1K 90 8
                                    

Unicode


ကျောင်းကပြန်လာပြီး သူတို့ ဦးဇာတိမာန်ကိုစောင့်နေကြသည် ။ တစ်နာရီကျော်ကျော်ရှိပေမယ့်လည်း
သူကရောက်မလာသေးပေ ။ ယခင်ကဆိုလျှင် ဦးဇာတိမာန်က သူတို့ကို အိမ်ရှေ့ခန်းမှာ ထိုင်ပြီး အမြဲစောင့်နေတတ်တာမဟုတ်လား ။
မိုးယံသစ်က စားပွဲခုံမှာထိုင်နေပြီး စာလုပ်နေသည် ။
စွဲလမ်းနိုင်က ဆိုဖာခုံပေါ်လှဲနေပြီး ဂိမ်းဆော့နေ၏ ။

“ဆရာ မလာဘူးလားမသိဘူး ”

ဝေဟင်ကျော်ကတော့စာလုပ်နေသည့် ‌မိုးယံသစ်၏ ပုခုံးကိုမှီပြီးပူးကပ်ကာ စာကြည့်နေရင်းပြောလိုက်တာဖြစ်သည် ။ ဦးဇာတိမာန်ကို သူတို့ လေးစားသမှုဖြင့်ဆရာဟုခေါ်ခဲ့တာ ပြီးခဲ့တဲ့နှစ်ကတည်းကဖြစ်၏ ။

“ သစ်.. ဆရာမလာဘူးလားမသိဘူးနော်”

မည်သူမျှပြန်မဖြေတော့ သူ၏အသဲကျော် မိုးယံသစ်ကိုမေးလိုက်တာဖြစ်၏ ။ သို့သော် သူက အဖက်မလုပ် ။ ပြန်လာသည့်စကားအစား မိုးယံသစ်၏ ရေးနေတဲ့ ဘောပင်ကသာ ဝေဟင့် ခေါင်းပေါ် ခွပ်ခနဲ ကျလာသည် ။

“ စာလုပ်ပါဆို ..သွား အနားလာမကပ်နဲ့”

ဝေဟင်ကျော်က ထိုစကားကိုကြားသော်လည်း ဂရုမစိုက်ဘဲ မိုးယံသစ်၏ ခါးကို တိုးဖက်လိုက်သည် ။
နောက်ထပ်တစ်ကြိမ် ဘောပင်က ခေါင်းပေါ်ရောက်ခါနီးတော့...

“လုပ်လေ.. လုပ် ၊ ကပ်မှာပဲ ”

ဝေဟင့်စကားကြောင့် မိုးယံ သွားနေလက်စ ဘောပင်ကို လေထဲမှာရပ်လိုက်သည် ။ ထိုနောက် စာအုပ်ပေါ်ပြန်တင်ရင်း ၊ ခနတာလေးပြုံးကာ ၊ ဝေဟင့်ဆံပင်ကို ခပ်ဖွဖွလေး သပ်ပေးလိုက်၏ ။

‌မိုးယံရဲ့ပုံစံလေးကို ဝေဟင် အသဲယားလာ၍ လှမ်းမီရာ ပါးကို လှစ်ခနဲနမ်းတော့ မိုးယံသစ်ရဲ့ ရှားပါး မျက်စောင်းလေးကို လက်ခံရရှိလိုက်တော့သည် ။

~

ရုံးက ပြန်ပြန်ချင်း ဧကရာဇ်မှာ ဇာတိမာန်၏
အိမ်တွင်ရောက်နေသည့် ရီလေးသွင်ကို သွားခေါ်ရန် ကားကို လှည့်ရတော့သည် ။ ဇာတိမာန်မရှိတော့ ရီလေးသွင်ကသာ ကလေးတွေကို နောက်ဆုံးဘာသာ စာပြပေးရမှာဖြစ်သောကြောင့် သူမကို
သွားခေါ်ရန် ဧကရာဇ် ငြင်းဖို့် မကြိုးစားမိ ။

I'm Not D A D D Y's SonWhere stories live. Discover now