Unicode
အပင်ကြီး အပင်ငယ်တွေဖြင့် အုံ့မှိုင်းနေသည့် ခြံထဲရောက်သည်နှင့်
ဖက်ထားသော သူ့လက်မှ ထိုကလေးလေးက ရုန်းလိုက်သည် ။ စွဲလမ်းနိုင်က မတက်ကြွပဲ မှိုင်တွေတွေ ဖြစ်နေသည်မို့ ဧကရာဇ်ကလည်း
စိတ်မအေးနိုင် ။ စွဲလမ်းနိုင် သူ့ကိုကြည့်ပြီး လှုပ်ရှားလာသည်ကြောင့်မည်သည့်စကားပြောမလဲ နားထောင်မိတော့..." ကျွန်တော် နားချင်လို့ "
ဆို၍ပြောပြီးသည်နှင့် ဧကရာဇ်ကိုပင်တချက်မကြည့်ပဲ ထိုကောင်လေးဟာ အိမ်ထဲသို့ပြေးဝင်သွားပါလေရဲ့...။ ဧကရာဇ်လဲ ခနတာ အနားပေးလိုက်မည်..ပြီးမှဖြေးဖြေးချင်း လိုက်သွားမည်ဆိုရင်း ကလေးငယ်ကိုတားမနေတော့ ။ ခန့်ညားထည်ဝါနေသော အိမ်ထဲသို့ဝင်လာတော့ အိမ်ကြီး၏ အပေါက်အဝမှာ အဖွားဖြစ်သူက ထွက်စောင့်နေသည် ။
" ဧက.. ငယ်ငယ်ကဘာဖြစ်တာလဲ"
" ဒီတိုင်း ပြဿနာလေးတွေရှိလို့ "
အဖွားဖြစ်သူရဲ့ စကားကို သူရေရေရာရာ အဖြေမပေးနိုင်ပါ ။ သို့ပေမယ့်အဖွားက သက်ပြင်းတချက်ချပြီးပြောသည် ။
" ယောင်္ကျားလေးနှစ်ယောက်ချစ်တာက အဖွားအတွက်ထူးဆန်းတယ်ဆိုပေမယ့် ချစ်တယ်ဆိုပဲ သေချာစောင့်ရှောက်ချည် ၊ အဖွားလဲ အငယ်လေးကို ချစ်ပါတယ် "
"အင်း..ကျွန်တော် ဘဝနဲ့ရင်းပြီးစောင့်ရှောက်မှာ"
"ကောင်းပြီ "
အဖွားက ဧကရာဇ်ကို နူးညံ့နှစ်သိမ့်သည့် အကြည့်မျိုးနှင့်ကြည့်နေသည် ။ ထိုအကြည့်ဟာ သိပ်ကိုနွေးထွေးပါသည် ။ ခနကြာမှ နှုတ်ဆက်ပြီး ဧည့်ခန်းထဲသို့ ဖြေးဖြေးချင်းဝင်သွားတာကို ပြန် ကြည့်နေမိသည် ။ သူမက ဧကရာဇ်တို့ ဆက်ဆံရေးကို ရိပ်မိပုံရသည် ။သို့ပေမယ့် မည်သည့်ကန့်ကွက်ခြင်းမှ မလုပ်တာကြောင့် ဧကရာဇ် အနည်းငယ် စိတ်ပေါ့သွား၏ ။
အဖွား ကန့်ကွက်လျှင်တောင် ဧကရာဇ်အတွက် ကိစ္စမရှိပေမယ့် ငယ်ငယ် အခက်တွေ့မှာကိုတော့ မလိုလားဘူး ။ငယ်ငယ့်အကြောင်းကို တွေးမိတော့ ချက်ချင်းလွမ်းသွားသည်မို့ သူလေးရဲ့အခန်းကိုသွားဖို့ပြင်တော့တယ် ။ ဝမ်းနည်းနေမှာတော့အမှန်ပဲမဟုတ်လား ။
ငယ်ငယ်က ပြောခဲ့တယ်ဆိုတာ စိတ်ပါလို့မဟုတ်ဘဲ စွဲညို့သက္ကနိုင် စိတ်ဖြတ်နိုင်အောင် ပြောခဲ့တာမှန်းသိတယ် ။ သူအရမ်းခင်တဲ့ သူငယ်ချင်းဖြစ်သည့်အပြင် အဖေတူအမေကွဲ ညီအကိုဖြစ်နေလျက် ညီကိုပြန်ချစ်နေတယ်ဆိုတာက လုံးဝလက်မခံနိုင်စရာပင် ။
ဒီလိုဖြေရှင်းသည့်ပုံစံကိုကြည့်ရုံဖြင့် ဒီကလေးက သိပ်ကို စဉ်းစားတတ်တာပဲဟု ဧကရာဇ် တွေးမြင်မိသည် ။
KAMU SEDANG MEMBACA
I'm Not D A D D Y's Son
RomansaJust a Romance....🍀🍀 [ I'm not Daddy's Son, Just Daddy's Baby] [ DADDY × BABY ] / Burmese Character / / Age Gap / START - 24.Oct. 2020 END -