38

1K 93 8
                                        

Unicode

အမေတို့ကြိုလွှတ်လိုက်သည့် ကားပေါ်မှဆင်းလိုက်သည်နှင့် သူ့ဘေးဆင်းမည့်နေရာမှာ ဦးဧကရာဇ်ကအနက်ရောင်ထီးကို ဖွင့်၍ အရံအသင့် လာရပ်သည် ။
တဖွဲဖွဲကျနေသည့်မိုးက မများလွန်းသည့်တိုင် ရပ်မည့်ပုံမပေါ် ။ ရောက်နေသည်မှာ ၂ရက်ခန့်ရှိသော်လည်း မသွားသေးပဲ ကွန်ဒိုမှာသာ နားနေခဲ့ကြသည် ။   ချိန်ထားသည့်ရက်မှ မိခင်ရှိရာသို့ လာခဲ့တာဖြစ်၏ ။ Brazil ရောက်ကတည်းက ရွာနေသည့်မိုးဟာ နောက်ရက်သို့ ကူးသွားသော်လည်း ဆက်လက်ရွာနေတုန်းဖြစ်၏ ။ ဒါကြောင့် အိမ်တွင်းအောင်းနေခဲ့ရပြီး မည်သည့်နေရာကိုမှ အလည်အပတ်ပင် မသွားရသေး ။

“ ကိုယ်ဘက်ကိုတိုးလေ မိုးရေစိုမယ် ”

တကယ်ဆို ထီးကနှစ်ယောက်စာ လုံလုံလောက်လောက်ဆံ့ပါတယ် ဒါကို ဦးဧကရာဇ်က ပိုပိုသာသာကို တိုးခိုင်းနေတာ ။ သို့‌သော် စွဲက...ဘာမှပြန်မပြောပဲ သူ့ဘေးသို့ကပ်လိုက်၏ ။ ပုခုံးပေါ်သို့ ‌သိုင်းဖက်လာသည့်သူဟာ စွဲလမ်းနိုင်က သူ့အပိုင်ဟု တံဆိပ်ကပ်ချင်ပုံ ။

“ လာ.. ”

သူ့စကားသံအဆုံး ပုခုံးပေါ်ရှိလက်ကို ပြန်လည်ဆုပ်ကိုင်လိုက်ရင်း ခမ်းခမ်းနားနားရှိနေသည့် မီးရောင်တို့ဖြင့် လင်းထင်းနေသော သုံးထပ်တိုက်ထဲသို့ဝင်လိုက်၏ ။

“ အိုး..ရောက်ကြပြီလား ၊ စောသားပဲ ”

မိခင်ဖြစ်သူနှင့် သူမရဲ့ခင်ပွန်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် ထွက်ကြိုသည် ။ သူ့၏မိခင် လဝန်းငယ်
ကလေးလေးတွေ‌မွေးပြီးမှပို၍လှလာသလို ။
ရင်ခွင်ထဲမှာတော့ ကလေးတစ်ယောက်စီကို ပွေ့ချီထားကြ၏ ။  ချစ်စရာကောင်းလွန်းသည့် ကလေးတွေက မိခင် ၊ ဖခင်၏ ကိုယ်ငွေ့ဖြင့် စိတ်ချလက်ချအိပ်မောကျနေသည် ။ ပြောရမည်ဆိုလျှင်
ကလေးတွေကို အနည်းငယ်တော့ မနာလိုဖြစ်မိ၏ ။
စွဲလမ်းနိုင်မရနိုင်တဲ့အရာတွေကို သူတို့က ရခဲ့တယ်လေ ။

ကလေးတွေကို အကြည့်မပြတ်မိတော့
ဒါကိုသိသည့် ဦးဧကရာဇ်က ဖက်ထားသည့်လက်ကို ပိုအားထည့်၍ စွဲလမ်းနိုင်ကို သူ့ရင်ခွင်ထဲ ထပ်တိုးထည့်လိုက်၏ ။ သူကတော့ စွဲလမ်းနိုင်ကိုသာကြည့်ပြီး အဓိပ္ပာယ် မဖော်နိုင်အောင် တည်‌နေသည် ။ သူ့မျက်ဝန်းထဲမှာ စိတ်မကောင်းဖြစ်နေသည့်အရိပ်ရောင်တွေကြောင့် မျက်ဝန်းက မှိုင်းညို့နေ၏ ။ ဒါကြောင့် စွဲလမ်းနိုင်ဟာ အပြုံးမမည်သောအပြုံး ချိနဲ့နဲ့ဖြင့်သာ ပြုံးပြလိုက်မိသည် ။

I'm Not D A D D Y's SonWhere stories live. Discover now