36

1K 92 15
                                    

Unicode

ကွန်ဒိုအခန်းပြတင်းပေါက်ကိုကာထားသည့် လိုက်ကာစ နီညိုရောင်ကို တိုးထွက်လာသော မနက်ခင်း၏ နေရောင်ခြည်နွေးနွေး... ။
မှိတ်ထားသည့်မျက်ဝန်းအများအပေါ် ဖြာဆင်းလာတော့ အလိုမကျသလို မျက်ခုံးကို တွန့်ချိုးလိုက်မိသည် ။

နုပျိုကာလူငယ်ဆန်သော ရင်းနှီးနေသည့် ရယ်သံခပ်ဟဟကိုလဲ နီးနီးကပ်ကပ်ကြားနေရသည်။
မကြာ... သူ့မျက်ဝန်းများနေရောင်ခြည်ဒဏ်မှ ကာကွယ်ခံလိုက်ရသူတစ်ယောက်နှယ် ‌ကင်းလွတ်သွားတာကိုသူသိလိုက်ရတော့သည်... ။

သူ...တ‌စုံတယောက်၏ အဝတ်မဲ့ကာ နူးညံ့ ချောမွေ့နေသော ရင်ဘတ်ပေါ် ခေါင်းတင်ပြီးအိပ်နေမိသလို ခံစားနေ၏ ။ ထိုသူကလဲ သူ့ကို ခပ်တင်းတင်းဖက်ထားတာကိုလဲ သူသိတယ် ။ သူကိုယ်တိုင်ကလဲ အဝတ်တို့ ကပ်မနေဘဲ ခါးအထိသာ
စောင်ကိုလွှမ်းခြုံထားသည် ။ မျက်လုံးများက မနေ့က ရေချိန်လွန်ထားသည့်ဒဏ်ကြောင့် မဖွင့်နိုင်သေး ။
ပြန်ခါနီးနှုတ်ဆက်ပွဲလုပ်မယ်ဆိုပီး နာမည်ကြီး barတခုကို စွဲညို့ဆွဲခေါ်၍သာ ပါလာတာ ။

ဇာတိမာန် အတော်ကို အမူးလွန်သွားလို့ထင်သည်  တကိုယ်လုံးလဲ ကိုင်ရိုက်ထားသလို ကိုက်ခဲလို့နေ၏ ။

“ ထတော့လေ ...အဲ့လောက်တောင် မောင့်အနားနေချင်တာလား  ”

နားထောင်လို့ကောင်းပြီး တည်တည်ကြည်ကြည်အသံကပိုင်ရှင်က သူ့အနားကို ကပ်ပြီးခပ်တိုးတိုး ပြောသလိုနှင့် နှုတ်ခမ်းပါးဖြင့် နားကို ပွတ်ဆွဲသွားတာကြောင့် သူတချက်တွန့်သွားသည် ။
ခပ်ဟဟရယ်သံက နားထဲမှာ ဆွဲဆောင်မှုရှိရှိ ။

အာ..ဒါ ...စွဲညို့သက္ကနိုင်အသံမလား ။

တွေးပြီးသည်နှင့် မသိစိတ်ရဲ့တုံ့ပြန်ချက်ကြောင့်
သူချက်ချင်းပင် လန့်ဖြန့်သွားကာ ထိုလူ့ရင်ခွင်မှ ခွာလိုက်ရင်း ကုတင်အိအိစက်စက်အပေါ် ပလ္လင်ခွေထိုင်‌လိုက်မိတော့သည် ။

သူဘယ်လိုများ...စွဲညို့နဲ့ဒီလိုအထိ...။

ရုတ်တရက် ထိုင်ချလိုက်တာကြောင့် မပြောအပ်တဲ့နေရာမှ နာကျင်မှုတချို့က ပြန်ပေါ်လာပြီး
အသိဝင်လာသည့်အခါမှာတော့ ဇာတိမာန် မျက်လုံးများပင် ပြာသွားတော့သည် ။ နှစ်ယောက်လုံးက ဝတ်လစ်စလစ်ကိုဖြစ်နေတာ ။

I'm Not D A D D Y's SonWhere stories live. Discover now