နေရောင်ဖျဖျသာရှိသော တောအုပ်အလယ် တစ်စုံတစ်ရာကအရှိန်ဟုန်ဖြင့်ပြေးလွှားနေသည်။
ချုံနွယ်တွေအကြား တိုးဝှေ့ပြေးလွှားနေခြင်းက အားအင်အပြည့်ရှိလှသည်။
သေချာကြည့်မည်ဆိုလျှင်။ သူ၏မျက်ဝန်းဝါများက မာန်အပြည့်၊ သူ၏အစွယ်ဖွေးဖွေးကလည်း တောက်ပြောင်ရှည်လျား၍လည်ချောင်းသို့တစ်ချက်တိုးဝင်လိုက်တာနှင့်အသက်ပျောက်နိုင်ဖွယ်ရာရှိ၏။
ထိုနည်းတူ။ သူ၏ကြီးမားလှသောအသွန်က အဝါနဲ့အနက်စက်ထားသောကျားတစ်ကောင်သာဖြစ်ပေသည်။
သို့ပေမယ့်။ သာမန်ကျားတွေထက်တော့ ပိုသန်မာ၊ပိုထွားကြိုင်းသည်။
နောက်ဆုံးမှာတော့။ သူ၏အရှိန်အဟုန်ကို လူတွေထွေပြားရာ ပွဲတော်လုပ်နေဟန်ရှိသောနေရာရဲ့ အစပ်။ ချုံထူထူအတွင်းမှာအဆုံးသတ်လိုက်လေသည်။
" တောင်စောင့်နတ်မင်းကြီးရဲ့ တန်ခိုးစွမ်းပကားကိုယဇ်ပူဇော်ဖို့အတွက် ကျားတစ်ကောင်ရဲ့နှလုံးသွေးနဲ့ဆက်သပါ၏!!!!"
ရောင်စုံပုဝါစတွေဖြင့်ကာရံထားသည့် စင်မြင့်အထက်။ ရှေးခေတ် နတ်ဆရာဝတ်စားကိုဝတ်ဆင်ထားသောယောကျာ်းတစ်ယောက်သည်။
ကျားရဲ့နှလုံးသွေးတို့ထည့်ထားရာခွက်တစ်ခွက်ကိုကိုင်မြှောက်ရင်းယိမ်းနွဲ့ကာဆိုလေသည်။
စင်အောက်ရှိ။ ပွဲတော်ကိုလာကြသူ ပရိတ်သတ်တွေကလည်း ဖုန်းနဲ့မှတ်တမ်းတင်သူကတင်၊ အထူးစမ်းကြည့်သူကကြည့်ဖြင့်အတော်ကိုစီကားလှသည်။
ထိုမြင်ကွင်းများကိုတော့။ ချုံအကွယ်တစ်နေရာကကြည့်နေသည့်ကျားတစ်ကောင်က မာန်ဖီနေလေ၏။
ယနေ့သည်။ မီးမခ တောင်ရဲ့အစဥ်လာဖြစ်သည့်ပွဲတော်ရက်ပင်ဖြစ်သည်။
ရှေးအစဥ်အဆက်ကပြုလုပ်လာသောထိုယဇ်ပူဇော်သည့်ပွဲတော်သည် ယနေ့ေခတ်တိုင်ပြုလုပ်ဆဲဖြစ်သည်။
ပွဲရဲ့ထုံးတမ်းအရ။ ကျားတစ်ကောင်ရဲ့နှလုံးသွေးကို နတ်ဆရာက တောင်နတ်မင်းကိုဆက်သပေးပြီး အမွေဆက်ခံသူက ကပြဖျော်ဖြေရတာဖြစ်သည်။