ထယ်ယောင်းခေါ်တဲ့အတွက် ဂျောင်ဂုရောက်လာခဲ့သည်။ အခန်းထဲသို့ရောက်သော် ထယ်ယောင်းက ဝရံတာတွင်ထိုင်ခုံတစ်လုံးနှင့် ဘေးနားတွင် စကရက်ပြာခွက်ကိုတင်၍ ဖွာရှိုက်နေလေသည်။
" ဒီမှာ"
ခတ်တိုးတိုးခေါ်သံလေးကြောင့် ထယ်ယောင်းလှဲ့ကြည့်လိုက်သည်။
" လာထိုင်"
" ဘာကိစ္စရှိလို့ခေါ်တာလဲ"
ဘေးနားက ခုံတွင်မထိုင်သေးပဲ အရဲစွန့်ကာမေးလိုက်သည်။
ဒါကိုထယ်ယောင်းက မျက်ခုံးတစ်ဖက်ပင့်လိုက်ရင်းဖြေသည်။
" မင်းက ကျုပ်ဖမ်းခေါ်လာတဲ့သူပဲ။ အကြောင်းရင်းကိုပြောပြရဦးမှာလား။"
" တစ်ခြားအကြံတွေရှိရင်အခုကတည်းကထုတ်လိုက်ပါ။ ကျွန်တော့်မှာပိုင်ရှင်ရှိတယ်။"
ဂျောင်ဂု၏အတိုက်ခံစကားကြောင့်ထယ်ယောင်းပြုံးလိုက်သည်။
" မင်းကိုဘာမှမလုပ်ပါဘူး။ ဒီအတိုင်း ပျင်းလို့ခေါ်လိုက်တာ။"
ထယ်ယောင်းစကားအဆုံး တိတ်ဆိတ်သွားသည့်အခန်း။ ထို့နောက်။ ဂျောင်ဂုက ထယ်ယောင်းဆေးလိပ်ပြာခွက်ထဲက စီးကရက်တိုတစ်လိပ်ကိုယူပြီး ထယ်ယောင်းနှုတ်ခမ်းဝက ဆေးလိပ်မီးနဲ့ညှိလိုက်သည်။
ထို့ကြောင့်။ နီးကပ်လာသည့် ဂျောင်ဂုရဲ့မျက်နှာအစိတ်ပိုင်းလေးတိုင်းကိုထယ်ယောင်းလိုက်ကြည့်နေမိ၏။
စီးကရက်မီးဆွဲသွားပြီးသည်နှင့် ဂျောင်ဂုက ဝရံတာဘောင်ကိုလက်မှီရင်းတစ်ဖွာဖွာလိုက်သည်။
နောက်မှာတော့။
" ခင်ဗျားသိလား။ ကုမ္ပဏီရှေ့မှာတုန်းက ခင်ဗျားကို ကျွန်တော့်ရဲ့ခင်ပွန်းမှတ်နေခဲ့တာ။"
ဂျောင်ဂုရဲ့ဆွေးမြေ့မြေ့စကားလုံးတို့အား ထယ်ယောင်းတစ်လုံးခြင်းလိုက်မှတ်နေသည်။
" သူက ခင်ဗျားနဲ့တစ်ထေရာတည်းတူတာ။ မဟုတ်သေးဘူး။ ခင်ဗျားက သူနဲ့ တစ်ထေရာတည်းတူတာ။
ဒါပေမယ့်။ အပြုမူတွေကတော့တစ်ခြားစီပဲ။ သူ့ရဲ့အထိတွေ့တွေကနုညံ့တယ်။
