မျက်နှာမကောင်းလှတဲ့ဂျောင်ဂုက ကားကိုသာတစ်စိုက်မက်မက်မောင်းရင်း အတွေးလွန်နေတော့သည်။
ဘေးကအတူပါလာသောထယ်ယောင်းကတော့ ဂျောင်ဂုကိုသာကြည့်လျက်တိတ်ဆိတ်နေတော့၏။
dreamcatcher က ဂျောင်ဂုတို့လိုနတ်ဆရာမျိုးရိုးအတွက်အရေးကြီးသတင်းများကိုပို့ပေးသည့်အဆက်သွယ်တစ်ခု။
ဂျောင်ဂုသည် dreamcatcher ကိုကိုင်ကြည့်လိုက်ရုံဖြင့် သတင်းစကားများကိုကြားရခြင်းဖြစ်သည်။
ထို့အတွက်။ အလုပ်ကိုတစ်လစာခွင့်ယူပြီး မီးမခတောင်သို့ထွက်လာလိုက်သည်။
ဒီလိုနဲ့။ မီးမခတောင်အဝင်ကိုရောက်သော်။
" အား! "
" ထယ်ယောင်းရှီ ဘာဖြစ်တာလဲ"
ရုတ်တရက် မျက်ဝန်းဝါများကအရောင်တောက်လာပြီး ခေါင်းကိုဖိနှိပ်ကာအော်လိုက်သည်မို့ ဂျောင်ဂုကားကိုရပ်တန့်လိုက်သည်။
" ထယ်ယောင်းရှီ"
" အား! အစီ အစီအရင်ထားထားတယ် အား!"
" အစီအရင်?"
ဂျောင်ဂုမေ့သွားသည်။ ဟုတ်သည်။ မီးမခတောင်အဝင်မှာ ကျားများမဝင်လာနိုင်အောင် ဦးလေးဖြစ်သူက အစီအရင်များဖြင့်ဟန့်တားထားခြင်းဖြစ်၏။
ထို့အတွက်။ ခေါင်းကိုက်ဝေဒနာကိုခံစားနေသူ ထယ်ယောင်းရဲ့နဖူးအနီးတိုးကပ်ကာ ဂါထာတစ်ပုဒ်ကိုရွတ်ဆိုပေးလိုက်သည်။
သူသည်လည်း အမွေဆက်ခံသူမို့ဒီလောက်တော့တက်ကျွမ်းပေသည်လေ။
" ထယ်ယောင်းရှီ သက်သာရဲ့လား။ ဒီ ဂါထာက အစီအရင်ကိုခဏတော့သက်ရောက်စေမှာမဟုတ်ဘူး။"
" ကျုပ်အဆင်ပြေပါတယ်။ ဒါပေမယ့် ယုန်ဖြူလေးနဲ့အတူလိုက်လို့ရမှာမဟုတ်တော့ဘူး။"
ထယ်ယောင်းရဲ့စကားအဆုံးဂျောင်ဂုသက်ပျင်းချလိုက်သည်။
" ကျွန်တော်လည်းခင်ဗျားနဲ့စုံချင်ပါသေးတယ်။ ဒီလိုဆို ခင်ဗျားကတိတစ်ခုပေး။"
" ဘာကတိလဲယုန်ဖြူလေး"
" ကျွန်တော် ညဘက်ဦးလေးတို့အလစ်မှာ တောထဲလာခဲ့မယ်။ ခင်ဗျားကတောအစပ်မှာ စောင့်နေပေါ့။ ကျွန်တော်တစ်ယောက်တည်းဆိုတော့ကြောက်တယ်လေ။"
