ကြီးမားလှသည့်အုတ်တံတိုင်းကြီးထဲမှ လွတ်မြောက်သောယနေ့။ တန်ဖိုးထားရသည့် လူသားလေးကိုလည်းတွေ့ရတော့မည်ဖြစ်သည်။
ဦးလေးကိုသတ်ခဲ့တဲ့အတွက်ထောင်၁၀နှစ်ကျသော်လည်း။ ဦးလေးက တောတွင်းတိရိစ္ဆာန်သက်ဖျက်မှုရဲ့ရာဇဝတ်သားမည်သွားခြင်းကြောင့်နှင့်၊ သူကိုယ်တိုင်ကလည်းရှေ့နေဖြစ်၊ သူငယ်ချင်းဖြစ်သူ ဘွမ်ဂယူကလည်းကူညီတာမို့၅နှစ်သာကျသည်။
ကျားပေါက်လေးကို ထောင်ထဲမှာပဲမွေးခဲ့ပြီး သမီးမိန်းကလေးဖြစ်တဲ့အတွက်။ သူငယ်ချင်းဖြစ်သူ ဘွမ်ဂယူကိုသာအကူညီတောင်း၍ စောင့်ရှောက်ခိုင်းထားရသည်မှာ အခုသမီးလေးအသက် ၅နှစ်ပင်ပြည့်တော့မည်ဖြစ်သည်။
၅နှစ်လုံးလုံး စိတ်ဓာတ်မကျပဲ သည်းခံလာရခြင်းရဲ့အရင်းမြစ်သည်ကား။ လက်တွင်ကြိုးစနီလေးဖြင့်ရစ်နှောင်ထားသော ကျားစွယ်အပိုင်းစလေးတစ်ခုရယ်။ နောက်တော့ သမီးလေးရယ်ကြောင့်သာဖြစ်ပေသည်။
နေ့တိုင်းနီးပါး ထောင်ဝင်စာလာတွေ့သည့် ဘွမ်ဂယူက သမီးလေးကိုလည်းအတူခေါ်လာသည်။
ဖွေးဖွေးဥဥအသားရေလေးနှင့် နှုတ်ခမ်းလုံးလုံးလေးတွေကဂျောင်ဂုနှင့်တူသော်ငှား။ ဆူးရှရှအကြည့်များနှင့် နှာတံဆင်းဆင်းတို့ကတော့ထယ်ယောင်းနှင့်တစ်ထပ်တည်းပင်။
အနှီးထွေးလေးကတည်းက တစ်ကြိမ်နှစ်ကြိမ်သာပွေ့ဖက်ခွင့်ရခဲ့သည့်သမီးလေးအား ယနေ့မှာတော့။ အောင့်ထားခဲ့သမျှတွေကိုပေါင်းကာ တစ်ဝကြီးပွေ့ဖက်နမ်းရှိုက်ပြစ်မည်ဟုတေးထားလိုက်သည်။
မကြာမီ။ ထောင်တံတိုင်းကြီးရှေ့ရောက်လာသော အပြာရောင်ကားလေးတစ်ဆင်း ကဂျောင်ဂုရှေ့ရပ်လိုက်သည်။
" ပါးးး!!!"
" သမီး"
ကားရပ်ရပ်ခြင်းမှာပဲ။ အဝါရောင်ကျောပိုးအိတ်လေးကိုလွယ်ထား၍၊ ကြက်တောင်စီးလေးနှစ်ဖက်စီးကာ လုံးလုံး လုံးလုံးဖြင့်အပြေးလေးလာဖက်သောသမီးလေးကို ဖမ်းလိုက်ပြီးတင်းတင်းကျက်ကျက်ပွေ့ချီထားလိုက်သည်။
" သမီးလေး~ ပါးသမီးလေး"
" ပါးမငိုနဲ့လေ။ ပါးမျက်ရည်တွေကိုမုန်းပါတယ်ဆို။"