(အပိုင်း၂၄)

1.4K 164 23
                                        

စခန်းကနေတိတ်တဆိတ်လွတ်လာတဲ့ သူ့ရဲ့အိမ်ကိုပြန်ရောက်လာခဲ့သည်။

သို့ပေမယ့်။ အိမ်မှာရဲကားတွေထပ်ရောက်နေတာကြောင့် ပြန်လိုက်ပို့သည့်ရဲကားပေါ်ကဆင်းပြီးမေးလိုက်သည်။

" ဘာတွေဖြစ်နေတာလဲ"

" Mr.Kimပါလား။ ခင်ဗျားအိမ်မှာ ဂွင်းဆက်လူသက်မှုဖြစ်လို့လာစစ်ဆေးတာ။"

" ဘာ ဂွင်းဆက်လူသဆ်မှု။ ဒါ ဒါဆို ကျုပ်မိသားစုရော။"

ထယ်ယောင်းအလန့်တကြားမေးလေသည်။

" ခင်ဗျားမှာ မိသားစုရှိတာမကြားမိပေမယ့် ကျွန်တော့်တို့စာတစ်စောင်တွေ့ထားတယ်။"

" ပြကျုပ်ကိုပြ"

" အဲ့ဒါက မှုခင်းအရ_"

" ကျုပ်ကိုပြလို့ပြောနေတယ်မလား!!"

ထိုရဲ၏ ကော်လံစမှဆွဲရမ်းကာ အော်လိုက်သည့်အတွက် ဘေးနားရှိရဲများကဝိုင်းဆွဲရသည့်အဖြစ်။ သို့ပေမယ့် ထယ်ယောင်းရဲ့ကိုယ်က တစ်ချက်ပင်မလှုပ်ချေ။

" ကျုပ်ကိုပြလို့ပြောနေတယ်"

" ဒီ ဒီမှာပါ"

လက်ထဲသို့ရောက်လာသည့် စာရွက်အပိုင်းစတစ်ခု။ အလျှင်မြန်ဖွင့်ဖတ်ကြည့်လေသောလက်များဟာလည်းတုန်ရင်လို့နေသည်။

*~ အဖိုးတန်က မွေးရပ်မြေမှာအခြေချတယ်*~

ထိုစာကိုဖတ်ပြီးသည်နှင့် စာရွက်ကိုလုံးချေကာ တစ်ဟုန်ထိုးပြေးတော့သည်။

" ဟာ ဟိတ်! Mr.Kim! Mr.Kim!"

" အာရှီး သက်သေစာရွက်ကျေမွသွားပြီ ဒီလူတော့။ သူ့ကိုစစ်ဆေးရဦးမှာ လိုက်ကြ။"

" ဟုတ်ကဲ့"

ကားထက်မြန်သည့်အလျင်ဖြင့် ပြေးနေပါသောထယ်ယောင်းအနောက်ကို ရဲကားပေါင်းများစွာကလိုက်သည်။

အပြစ်ရှိသည်တော့မဟုတ်ပေမယ့် သူပိုင်သည့်အိမ်မှာအမှုဖြစ်သွားတဲ့အတွက်စစ်ဆေးရဦးမည်ဖြစ်သောကြောင့်ပင်။

လေ လိုမြန်သောအလျင်၊ နေလိုပူသောစိတ်အစုံနှင့် မီးမခတောင်သို့ခြေလျင်ပြေးရန်သာဆုံးဖြတ်လိုက်တော့သည်။

(သစ္စာ) ( Complete) Where stories live. Discover now