ခြေလှမ်းသွပ်သွပ်တို့ဖြင့် လျှောက်လှမ်းလာပြီးနောက် ဂျောင်ဂုအိမ်ကိုပြန်ရောက်လာခဲ့သည်။
ထို့နောက်။ ရေခဲသေတ္တာထဲမှ ရေဘူးကိုထုတ်၍မော့သောက်လိုက်သည်။
ထိုလူ။ အသွင်သဏ္ဍာန်ကို copy ယူထားသလားဟုမေးရအောင်ဆင်တူလွန်းသည်။
မေ့ပျောက်ဖို့မဖြစ်နိုင်သလို၊ မေ့ပျောက်ဖို့လည်းမကြိုးစားသည့်အတွက် တစ်နေ့တစ်နေ့ ချစ်ရသူအားလွမ်းဆွေးရခြင်းကပူလောင်လွန်း၏။
မျက်စိရှေ့တင် အသက်ဆုံးရှုံးသွားသော ယောင်းကိုအမှတ်ရလျှင် မျက်ရည်တို့ကမဖိတ်ခေါ်ပဲကျရောက်လာသည်။
ကျွန်တော့်ရဲ့ယောင်းက ဒီလောကကြီးထဲမှာ မှ မရှိတော့တာပဲ။ အသွင်သာဆင်တူတဲ့ထိုလူဟာ ယောင်းမဖြစ်နိုင်ပါလေ။
တီတောင်*~ တီတောင်*~
" လာပြီ!"
လူခေါ်ဘဲမှ အသံမြည်လာတဲ့အတွက် တံခါးဖွင့်ရန်ပြင်လိုက်သည်။
တံခါးဖွင့်လိုက်သော်။ အနက်ရောင် suite များဆင်တူဝတ်ထားသည့် လူတစ်စုကိုတွေ့ရ၏။
" ဘယ်သူနဲ့တွေ့ချင်လို့ပါလဲဗျ"
" မင်းက ဂျွန်ဂျောင်ဂုလား"
" ဟုတ်ကဲ့ဗျ။ အမှုအပ်ချင်လို့လားမသိဘူး။ အထဲဝင်ထိုင်ကြပါဦး။"
ဂျောင်ဂုယဥ်ကျေးစွာဧည့်ဝတ်ကျေလိုက်သော်။ထိုလူများက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ရှေ့ဆုံးကစကားပြောခဲ့သည့်လူက နားမှဝတ်ဆင်ထားတဲ့ နားကြပ်ကိုထောက်လိုက်ပြီး။
" အခုကျွန်တော်တို့နဲ့လိုက်ခဲ့ပေးပါ"
" ဗျာ ဘာကိစ္စရှိလို့လဲဗျ။"
" အဲ့ဒါရောက်မှမေးပါအရင်ဆုံး လိုက်ခဲ့ပေးပါ။"
" မလိုက်နိုင်ဘူးဗျ။ ဒါဆိုဧည့်သည်တို့ပြန်လိုက်ပါဦး။"
ဂျောင်ဂုအလိမ်မာနည်းသုံး၍ညင်းကာ တံခါးပိတ်ရန်ပြင်လိုက်တော့။
" ဖမ်းခေါ်ခဲ့ကြ။ ပွန်းပဲ့ရာတစ်ခုမထင်စေနဲ့။"
" ဟုတ်ကဲ့!!"