တောက်*~ တောက်*~ တောက်*~
စားပွဲဇောင်းနှင့်လက်သဲခေါက်သံတို့က အိမ်သေးသေးလေးအတွင်းပျန့်နှံ့လို့နေသည်။ ထိုသည်မှ။ မျက်နှာချင်းဆိုင်ထိုင်နေသောကောင်လေးနှစ်ယောက်တွင်။
တစ်ကိုယ်လုံးဆောင်ကြီးကိုခြုံကာ ထိုင်ခုံပေါ်ကျုံ့ကျုံ့လေးထိုင်နေသည့် တစ်ယောက်အား။ စားပွဲပေါ်မေးထောက်၍ အကဲခတ်နေသောတစ်ယောက်သည်ဝါးစားမတက်အကြည့်များဖြင့်ကြည့်နေလေသည်။
" နံမယ်"
" အဖိုးနဲ့အဖွားစတွေ့တဲ့အချိန်ကနေပြောရမလားပဲ။ အဖိုးက သမန်းကျားအုပ်စုထဲမှာစည်းစိမ်အချမ်းသာဆုံးလေ။ ဒီတော့အဖွားလိုသမန်းကျားအလှလေးနဲ့mateဖွဲ့ပြီး ကျုပ်ရဲ့အဖေ့ကိုမွေးလာတာ။
အုပ်စုရဲ့သဘောအရအရွယ်ရောက်လာတာနဲ့တစ်ကောင်တည်းနေရတာဆိုတော့။ အဖေကတောင်ပိုင်းကအမေနဲ့ရပြီးကျုပ်ကိုမွေးလာတယ်။ ဒါနဲ့အမေက ကျုပ်ကိုဂင်မ်ထယ်ယောင်း ဆိုပြီးမှည့်ပေးခဲ့တာ။"
" ဟယ်~"
နံမယ်ကဂင်မ်ထယ်ယောင်းလို့ပြောလိုက်ရင်ပြီးနေတဲ့ထိုလူ့ကြောင့် ဂျောင်ဂုမှာ"ဟယ်"တစ်လုံးသာထွက်လာတော့သည်။
သို့သော်လည်း။သဘောထားပြည့်ဝတဲ့နဂိုစိတ်ရင်းခံလေးကြောင့်သည်းခံကာ နှုတ်ခမ်းကိုရွဲ့ပြီးမေးလိုက်သည်။
" အလုပ်အကိုင်"
" အဲဒါကတော့ကျုပ်မွေးရပ်မြေကပဲစပြောရမလား။ ကျုပ်မြင်ဘူးတာဆိုလို့။ တောထဲကိုလာလာပြီးငါးတွေဖမ်းတဲ့လူတွေရယ်၊
ကျုပ်တို့ကိုသတ်တဲ့လူတွေရယ်၊နောက်ပြီး ကျုပ်အစာကိုလုပြီးထမ်းသွားကြတဲ့လူတွေရယ်ပဲမြင်ဘူးတာဆိုတော့။
အဲ့ဒီ့ လုပ်ပြီးကိုင်တဲ့ဟာကိုကျုပ်မသိပါဘူးယုန်ဖြူလေး။"
ထယ်ယောင်းရဲ့လက်ဆယ်ချောင်းကိုထောင်ပြပြီးပြောလိုက်တဲ့စကားအဆုံး။
ဂျောင်ဂုစီးထားတဲ့ဖိနပ်တစ်ဖက်ကိုပြန်ကောက်ကိုင်လိုက်သည်။ သို့ပေမယ့်။ စိတ်ရှည် သည်းခံ ဂျောင်ဂုရဲ့အဘိဓ္ဓာန်။ ဆိုတဲ့ကိုယ်ပိုင်ဆောင်ပုဒ်လေးကြောင့်မချိပြုံးလေးသာပြုံးလိုက်ပြန်၏။
