(အပိုင်း၂၂)

1.9K 181 22
                                        

ဂျောင်ဂုအကြောက်ပြေတဲ့အထိဖက်ထားပေးပြီးသော်။ ဖက်ထားရာမှဖယ်လိုက်ပြီး ဂျောင်ဂုရဲ့ပုခုံးနှစ်ဖက်ကိုကိုင်ကာမျက်နှာခြင်းဆိုင်လိုက်သည်။

" ယုန်ဖြူလေး"

" ဘာလို့လဲ"

"........"

" ဘာလို့ဖုံးကွယ်ထားခဲ့တာလဲယောင်း။ ကျွန်တော်က ရုပ်တူတဲ့လူလို့ပဲထင်ခဲ့တာ။ ကျွန်တော်သိပ် အ လွန်းတယ်မလား။"

အားမရှိသည့်လေသံဖျော့ဖျော့ရဲ့အဆုံး သက်ပျင်းသာချလိုက်ရသည်။

" မင်းတို့ကိုအန္တရာယ်မဖြစ်စေချင်တာရော။ ကျုပ်ရဲ့သရုပ်မှန်ကိုလူသိများလေ မကောင်းလေမလို့ဖုံးကွယ်ထားမိတာပါ။ ယုန်ဖြူလေးကိုသိမ်ငယ်သွားစေဖို့မရွယ်ရွယ်ပါဘူး။"

" ဒါဖြင့် ဒီကိုဘယ်လိုရောက်လာတာလဲယောင်း"

" ဂန်းဟန်ရဲ့အကူညီနဲ့။ သူက ကျုပ်ကိုကယ်တင်ခဲ့တာ။ ကျုပ်နေရာမှာတခြားကျားတစ်သာမန်ကျားတစ်ကောင်ကိုအစားထိုးခဲ့တာ။

နောက်တော့။ ကျုပ်မှာရှိတဲ့ကျောက်စိမ်းတွေကိုရောင်းချပြီး လူတွေနေတဲ့စီရောက်လာတယ်။ ဂန်းဟန်က ကျုပ်ကိုစာသင်တဲ့ဂိုက်တွေငှားပေးတယ်လေ။

အခုတော့ ကုမ္ပဏီသေးသေးတစ်ခုထောင်နိုင်ပြီး ယုန်ဖြူလေးတို့ကိုမျက်နှာမငယ်အောင်ထားနိုင်ပြီ။"

ထယ်ယောင်းရှင်းပြ ပြီးတဲ့နောက်ဂျောင်ဂုက ယဲ့ယဲ့ပြုံးသည်။ ထို့နောက်။ ထယ်ယောင်းရဲ့လည်တိုင်ကိုသိုင်းဖက်လိုက်ပြီး။

" ကျွန်တော့်ရဲ့ယောင်းကိုအများကြီးလွမ်းနေခဲ့တာ။ သမီးလေးသာသိရင်ဝမ်းသာနေမှာပဲ။"

" ကျားပေါက်လေးက အဆောကတည်းကသိပြီးသား။ ကျုပ်မင်းတို့ကို ဖမ်းခေါ်လာတုန်းကဆို ကျားပေါက်လေးကူညီခဲ့တာလေး။"

" ဟင် သမီးကသိတယ်လား!"

" ဒါပေါ့။"

" ကျွန်တော့်ကိုအရူးလုပ်နေကြတာ!"

" မဟုတ်ရပါဘူး ယုန်ဖြူလေးရယ်။ အော်တော့မအော်လိုက်ပါနဲ့ ခွဲထားတာနာလိမ့်မယ်။"

" အင်း ဒါနဲ့ ညကလေယောင်းကကြောက်စရာကောင်းတယ်။ တစ်ခါမှကျွန်တော့်ကိုကြမ်းကြမ်းတမ်းတမ်းမလုပ်ဘူးတော့ တကယ်ဝမ်းနည်းတယ်။"

(သစ္စာ) ( Complete) Where stories live. Discover now