ဟိုဆော့သည် သူတတ်ကျွမ်းသမျှမှော်အတတ်ဖြင့်ဂျောင်ဂုအားကုသပေးခြင်းကြောင့်။ကလေးရောလူကြီးပါ အန္တရာယ်ကင်းသွားပြီဖြစ်တဲ့အတွက် ထယ်ယောင်းဘေးထိုင်ကာစကားစမည်သည်။
" မင်းရဲ့ mate ဆိုတော့ ဘယ်နယ်ဘက်က ကျားလဲ"
" ကျားမဟုတ်ဘူး။ လူ"
" ဘာ လူဟုတ်လား!"
ဟိုဆောရဲ့အလန့်တကြားမေးခွန်းကို ဂျောင်ဂုရဲ့လက်တစ်ဖက်အားစုပ်ကိုင်ထားရင်းခေါင်းငြိမ့်လိုက်သည်။
" မဟုတ်မှလွဲရော မီးမခတောင်ကမဟုတ်ဘူးမလား"
" သူကအဲ့ဒီ့ကအမွေဆက်ခံသူ"
" ဟာ မင်းဒီကိစ္စကရိုးရှင်းမနေဘူးနော်။ သူကမင်းကိုသတ်ချင်လို့ဖျားယောင်းတာဆိုရင်ကော။"
" ယုန်ဖြူလေးကျုပ်ကိုဘယ်လောက်ချစ်လဲကျုပ်အသိဆုံး။"
" မင်းကွာ-"
" ယောင်း~"
" ယုန်ဖြူလေး"
သတိရလာတဲ့ဂျောင်ဂုရဲ့လက်ကလေးကိုပိုမိုစုပ်ကိုင်ထားပြီး နဖူးပေါ်ဝဲကျနေသည့်ဆံပင်လေးများကိုသပ်တင်ပေးလိုက်သည်။
" သပ်သာရဲ့လားယုန်ဖြူလေး။ နာနေသေးလား။"
" ဟင့်အင်း မနာတော့ဘူး။ ဒါဘယ်သူလဲယောင်း။"
ဘေးမှထိုင်နေသည့်ဟိုဆော့အားမေးလိုက်သည်။ ထို့ကြောင့် ဟိုဆော့သူ့ကိုယ်သူမိတ်ဆက်လိုက်၏။
" အကို့နံမယ်ကဂျောင်ဟိုဆော့ပါ။ နတ်သူငယ်မျိုးနွယ်ဝင်ပေါ့။ ထယ်ယောင်းနဲ့ညီအကိုလိုနေကြတယ်ဆိုလည်းမမှားဘူး။ ဒါနဲ့ ဒီက ထယ်ယောင်းရဲ့ mateလို့ကြားတယ်။"
" ဟုတ် ကျွန်တော့်နံမယ်က ဂျွန်ဂျောင်ဂုပါ။ ယောင်းရဲ့ပိုင်ရှင်လေ။"
အားနည်းနေတုန်းတောင် ဆိုင်ကြောင်းပိုင်ကြောင်း ပြချင်နေတဲ့ဂျောင်ဂုကြောင့် ဟိုဆော့နှာခေါင်းရှုံ့လိုက်သည်။
" အေးပါကွာ။ မင်းတို့စကားအေးဆေးပြောကြပေါ့။ ငါဘေးအခန်းမှာရှိမယ်။ ထယ်ယောင်း ဟိုကိစ္စပြောလိုက်ဦး။"
" ဟုတ် အကို"
ဟိုဆော့ထသွားပြီးသော်။ ဂျောင်ဂုက ချက်ခြင်းပင် ထယ်ယောင်းပေါင်ပေါ်တက်ထိုင်လိုက်ပြီး ရင်အုံပေါ်ခေါင်းမှီထားကာချွဲနေလေ၏။
