(အပိုင်း၁၁)

1.3K 176 38
                                        

မနက်ဆောဆောဂျောင်ဂုနိုးလာပြီး ဦး​လေးဖြစ်သူက​တော့။ထုံးစံအတိုင်း ဟင်းဖွယ်ဖွယ်ရာရာကိုတည်ခင်းထားသည်။

" လာ ဂျောင်ဂု မနက်စာလာစား"

" ဟုတ်ဦးလေး။ မနေ့က ကျွန်တော်လဲကျသွားတာပဲမှတ်မိတယ်။"

" မင်းအားနည်းလို့လဲကျသွားတာတဲ့ ဆေးဆရာကပြောတယ်။"

" အော်~"

အေးစက်စက် အပြောရဲ့အဆုံး ဂျောင်ဂုလည်း ထမင်းဝိုင်းမှာအတူထိုင်လိုက်သည်။

သင်းပျန့်ပျန့်ဟင်းတွေက စားသချင့်ဖွယ်ရှိသော်လည်း ဂျောင်ဂုအတွက်တော့အနံ့မခံနိုင်အောင်ထိပင်။

ထို့နောက်။ ဦးလေးက ဟင်းတွေအများကြီးထဲမှာမှ သီးသန့်ထည့်ထားဟန်ရှိသည့်ဟင်းတစ်ပွဲကိုဂျောင်ဂုရှေ့တိုးပေးလိုက်၏။

" ရော့ ဒါမင်းအတွက်ချက်ထားတာ။ သင်္ဘောသီးရိုးရာအစပ်ချက်။"

" ဝါး! စားလို့ကောင်းမယ့်ပုံပဲ"

" စားတော့"

" ဟုတ် အဟီးဟီး~"

အရိုးခံနှင့်ဂျောင်ဂုကတော့ထိုဟင်းလျာကိုခေါင်းလေးတစ်ငြိမ့်ငြိမ့်နဲ့အရသာခံစားလေသည်။

သို့ပေမယ့်။ မိမိကိုယ်တိုင်ကိုယ်ဝန်ရှိမှန်းလည်းမသိ၊ သင်္ဘောသီးကို ကိုယ်ဝန်သည်တွေစားလျှင် ကလေးအတွက်အန္တရာယ်ရှိသည်ဆိုတာကိုလည်းမသိနှင့်။ ဦးလေးဖြစ်သူရဲ့ယုတ်မာသည့်အကြံထောင်​ချောက်တွင်မိသွားလေပြီ။

ဒီလိုနဲ့ဟင်းအကုန်စားပြီးမှာတော့။

" ကောင်းကောင်းစားခဲ့ပါတယ်ဦးလေး။ အခုကျွန်တော် တောစပ်မှာရေသွားချိုးလိုက်ဦးမယ်။"

" ကောင်းကောင်းနေခဲ့"

" ဗျာ ဘာကိုလဲ"

" အော် ရေကောင်းကောင်းချိုးခဲ့ပြောပါတယ်"

" ဟုတ် သွားပြီနော်ဦးလေး"

" အင်း"

မစီလျော်တဲ့အဖြေစကားကြောင့် ပြန်မေးလိုက်သော်။ မချိပြုံးဖြင့်စကားပြောင်းလိုက်တဲ့ဂျောင်ဂုဦးလေး။

(သစ္စာ) ( Complete) Where stories live. Discover now