မကြည်ဖြူသော်လည်း သမီး၏အသက်နှင့်ချိမ်းခြောက်လာသည့်အတွက် ထင်းအိုးဟင်းအိုးကိုတည်ပေးနေရသည်။
ဒီကြားထဲ။ ဒေါသထွက်လာလျှင် ဒယ်ပြားနှင့်ယောက်မကိုတစ်ဒေါင်ဒေါင်ခေါက်ရင်း ပွစိပွစိလုပ်တဲ့ဂျောင်ဂုကြောင့် အိမ်အတွင်းဒယ်ပြားခေါက်သံများဆူညံလို့နေသည်။
" သေနာကောင် ပိုက်ဆံရှိပြီးမာဖီးယားလိုလိုဘာလိုလိုနဲ့ ထမင်းချက်ကျတော့မငှားဘူး"
ဒေါင်*!
" စိတ်ရှိလက်ရှိဆားတွေခက်ပြစ် လိုက်ရင်လည်း ငါ့သမီးလေးကိုဒင်းကမဲဦးမယ်"
ဒေါင်*!
" ဒီလိုအချိန်မှာ ယောင်းသာရှိရင်ဒင်းအူပေါက်သေနေလောက်ပြီ"
ကျိန်ရင်းဆဲရင်းနဲ့နောက်ဆုံးမှာတော့ ထမင်းဟင်းလည်းကျက်ပြီးဖြစ်သောကြောင့် မီးဖိုကိုပလပ်ဖြုတ်ပြီး ဂျွန်ယောင်းရှိရာအခန်းထဲသို့သွားလိုက်သည်။
" ကျားပေါက်လေး သမီး~ ထတော့မိုးချုပ်ထိမအိပ်ရဘူး"
" အိပ်ဦးမှာ"
အိပ်ချင်မူးတူးအသံလေးဖြင့်တစ်ခြားဘက်ကိုလှဲ့အိပ်သွားပြန်ပါသောဂျွန်ယောင်း။
ထို့ကြောင့်။ အကြောင်းသိသည့်ဂျောင်ဂုကလည်း ဂျွန်ယောင်းကိုပွေ့ချီကာ မျက်နှာသစ်ပေးရန်ခေါ်သွားတော့သည်။
" မရဘူး ပါးချီခေါ်သွားမယ်။ လန်းသွားအောင်မျက်နှာသစ်ရမယ်။"
ဂျွန်ယောင်းကိုမျက်နှာသစ်ပေးပြီးသည်နှင့်အခန်းထဲကထွက်လာလိုက်တော့ ထမင်းစားပွဲမှာမိန့်မိန့်ကြီးထိုင်နေတဲ့ထယ်ယောင်း။
" လာစားလဲ့ကြ။ မင်းတို့ကိုအငတ်မထားဘူး။"
" ရေး! "
" သမီး မစားနဲ့ပြန်လာခဲ့"
ဂျွန်ယောင်းကဝမ်းသာအားရပြေးသွားသော်လည်း ဂျောင်ဂုကတားလိုက်တဲ့အတွက်မျက်နှာငယ်လေးနှင့်ကြည့်ရှာသည်။
" ဘာလို့လဲ ကလေးစားမယ့်ဟာကိုမတားပါနဲ့"
" မတားလို့ရမလား။ ချက်တာကတော့ကျွန်တော်ပေမယ့် မသိလိုက်ခင်အဆိပ်ထည့်ထားရင်ဘယ်လိုလုပ်မလဲ။"
