ရေတံခွန်ဖြတ်ပြီးလှိုင်ဂူထဲဝင်လာကြသော ဂန်းဟန်အပါအဝင်နောက်လိုက်များက သေနတ်များကိုချိန်လာသည်။ ရှေ့ဆုံးကတော့ ဂျောင်ဂုဦးလေးပင်ဖြစ်သည်။
" ဦး ဦးလေး"
" ဟက် ငါမသိဘူးများထင်နေလားဂျွန်ဂျောင်ဂု။ မင်းကိုယ်ဝန်ရှိနေတာကိုရော၊ မင်းယောကျာ်းကဒီသမန်းကျားဆိုတာကိုပါ ငါသိနေတယ်။"
" ဂျွန်လေးရဲ့ယောကျာ်း?"
ဂျောင်ဂုဦးလေးရဲ့အပြောကြောင့် ဂန်းဟန်မယုံနိုင်ဖြစ်ရပြီး သူ့ထယ်ယောင်းကိုချိန်ထားသည့်သေနတ်ပြောင်းကိုချထားလိုက်သည်။
" ဦးလေး ဂျွန်လေးဗိုက်ထဲက ကလေးရဲ့အဖေက သူဆိုရင် ကျွန်တော် ဒီအလုပ်ကိုဆက်မလုပ်နိုင်ပါဘူး။"
" ဂန်းဟန်!"
ဂူထဲသို့ရောက်လာသည့်ဂန်းဟန်တို့ကိုထယ်ယောင်းက မာန်ဖီနေပေမယ့်။ ဂန်းဟန်ဘက်က အလန်ဖြူပြတာကြောင့် ထယ်ယောင်းစိတ်အေးရသည်။
သို့သော်။ ဂျောင်ဂုဦးလေးရှိသေးသည့်အတွက်ပူပန်ရဦးမည်ဖြစ်၏။
" အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ကျွန်တော်ဒီအလုပ်ကိုဖျက်သိမ်းပါတယ်။ ဂျွန်လေးကိုဒုက္ခမပေးချင်ဘူး။
ပြန်ကြမယ်။"
" ဟုတ်ကဲ့ခေါင်းဆောင်"
ထိုသို့ပြောကာ။ အဖွဲ့သားတွေကိုခေါ်ပြီးပြန်သွားတဲ့ဂန်းဟန်အားဂျောင်ဂုဦးလေးက မထီဟန်သာကြည့်ပြီးဂျောင်ဂုတို့ထံပြန်လှည့်လိုက်သည်။
" ခင်ဗျားပြန်မလား ကျုပ်လက်ထဲမှာအသေခံမလား။"
အေးစက်စက်လှိုင်ဂူအတွင်း လှိုင်ထပ်သွားသည့် အသံဩဩကကြောက်မက်ဖွယ်ရာ။ သို့သော်။
ဂျောင်ဂုဦးလေးကတော့ ဟက်ဟက်ပက်ပက်ရယ်လိုက်လေ၏။
" ဟားဟား~ ငါကသူတို့တစ်ဖွဲ့တည်းကိုပဲခေါ်ထားမယ်ထင်နေတာလား။ ဝင်လာကြစမ်း!"
ဂျောင်ဂုဦးလေးရဲ့အမိန့်ပေးသံအဆုံး ဂန်းဟန်တို့အဖွဲ့ထက်လူများသော နောက်တစ်ဖွဲ့ကလှိုင်ဂူထဲသို့သေနတ်များကိုချိန်ပြီးဝင်လာသည်။