မနက်ခင်းစောစောထကာ ထယ်ယောင်းတို့သားအဖအတွက်မနက်စာပြင်နေသည့်ဂျောင်ဂု။
အနောက်ကနေသိုင်းဖက်လာတဲ့ လက်တွေကြောင့် ထယ်ယောင်းဆိုတာသိလိုက်သည်။
" ဒီနေ့အစောကြီးနိုးနေပါလား ယောင်း"
" ကျုပ်အသဲညှာလေးကစောစောထသွားတော့ ဖက်စရာအနွေးဓာတ်လေးပျောက်သွားလို့လေ။ အဲ့ဒါကြောင့်နိုးလာတာ။"
" အပိုတွေ~"
ကျေနပ်နေပါသော်လည်း မူရသေးသည်မို့ထိုစကားဆိုလိုက်သည်။
" သမီးကော နိုးပြီလား"
" မနိုးသေးဘူး။ ခုနကအင်းအဲလိုက်လာလို့ ချော့လိုက်တာပြန်အိပ်သွားတယ်"
" တော်သေးတယ်။ မနက်ခင်းနိုးရင် ဟိုတစ်မျိုးဒီတစ်မျိုးဂျီဦးမှာ။"
" ဟုတ်ပါ့နော် ကျားပေါက်လေးကသိပ်စိုးတာပဲ"
" ဟုတ်တယ်။ ယောင်းသိလား ယောင်းသမီးက ကျွန်တော့်ကိုတအားနှိပ်စက်တာ။"
" ဒါပေါ့ ဟုတ်တာပေါ့"
သမီးမကောင်းကြောင်းအား ယောကျာ်းကိုပြန်တိုင်နေသူလေးသည် နှုတ်ခမ်းတစ်ထော်ထော်နှင့်မို့လွန်စွာချစ်ဖို့ကောင်းလေ၏။
ထို့အတွက်။ ပုခုံးတစ်ဖက်ပေါ်မေးတင်ရင်း ထိုနှုတ်ခမ်းလေးအား ပြုံးရယ်ရင်းသာပိုထော်အောင်စွပေးမိသည်။
" ယောင်းမသိလို့ရယ် အဲ့ကောင်မလေးက ကျွန်တော့်ဆိုမလေးဘူးတအားဂျစ်ကျတာ"
" အေးပေါ့ ကျုပ်ယုန်ဖြူလေးကိုလုပ်ရက်လိုက်ကွာ။ ဒီဘက်လှဲ့ပါဦး ယုန်ဖြူလေးရဲ့။"
"ဟွန့်~"
ကိုယ်လေးကိုဆွဲလှဲ့တော့ ဆောင့်ကြီးအောင့်ကြီးခြေဆောင့်ကာလှဲ့လာသည်။
ထို့အတွက်။ မေးဖျားလေးကနေဆွဲမော့လိုက်၍ မျက်နှာလေးအားရွှင်းရွှင်းစားစားကြည့်မိသည်အထိ ထိုချစ်စရာ့လူသားလေးရဲ့ ဆွဲငင်မှုအောက်မှာ နစ်မျောသွားရသည်။
" အဲ့တော့ ယုန်ဖြူလေးက သမီးလေးကိုစိတ်စိုးတယ်ပေါ့"
" စိုးတယ် စိုးတယ်။ ညကလည်း တစ်ညလုံးမထွက်တဲ့နို့ကိုတွယ်နေတာ။"
