ထယ်ယောင်းစိတ်ရှည်ရှည်နဲ့ ညင့်နက်သည်အထိထိုင်စောင့်နေပေမယ့်။
" သူဌေး"
" ဘယ်မှာလဲ"
" အိမ်ပြောင်းသွားတယ်လို့သိရလို့ အဲ့ဒီ့အိမ်အသစ်ကိုပါလိုက်သွားပြီးရှာပေမယ့် မ မတွေ့ခဲ့ပါဘူး။"
ခွမ်း*!!
ဆေးလိပ်ပြာခွပ်ကိုရိုက်ခွဲလိုက်တဲ့အတွက် ဖန်စများကကြမ်းပြင်ချောချောထက်ပျန့်လို့နေသည်။
"အစ်!"
အရှေ့ရှိလူတွေထဲမှ သတင်းစကားသယ်ဆောင်လာသူရဲ့လည်ပင်းကိုအားပါပါညှစ်၍ အထက်သို့မြှောက်တင်လိုက်တော့ရုန်းကန်ရင်းပါလာသည်။
ထို့နောက်မှာတော့။ လည်ကိုချိုးပြီးသတ်ပြစ်လိုက်သည်။
အလောင်းကို အခြားလူရုံတွေအရှေ့ပြစ်ချလိုက်လေတော့ နောက်ဆုတ်သွားကြသူများ။
" ဘာပြောထားလဲ။ ခေါ်မလာနိုင်ရင်သတ်ပြစ်မယ်လို့။"
" တောင်းပန်ပါတယ်သူဌေး"
ပင့်သက်ကိုရှိုက်ရှူရင်းသာ မျက်လုံးတွေကိုမှိတ်ချလိုက်သည်။
" အလောင်းကိုရှင်းလိုက်ကြတော့"
" ဟုတ်ကဲ့သူဌေး"
အလောင်းကိုရှင်းခိုင်းပြီးနောက်။ အပေါ်ထပ်ကိုတက်ကာ အနက်ရောင်ပိုးသားကုတင်ထက် လှဲချလိုက်တော့သည်။
ပင်ပန်းလွန်းတယ် ယုန်ဖြူလေး။ ကျုပ်ဘဝရဲ့ဖြစ်တည်မှုကပင်ပန်းလွန်းတယ်။
အန္တရာယ်တစ်နေရာကနေရှောင်ပြေးလာပြန်တော့လည်း နောက်တစ်နေရာကမလုံခြုံပြန်ဘူး။
အဲ့ဒီ့နေ့က။ နှလုံးသွေးထုတ်ယူဖို့အတွက် ကျုပ်ကိုလှောင်အိမ်ထဲထည့်ထားခဲ့ကြတဲ့သူတို့တွေ။
သေနတ်ဒဏ်ရာတွေနဲ့မို့ ရုန်းမထွက်နိုင်တော့တဲ့ကျုပ်ကို ဂန်းဟန်တို့ကမသိမသာကယ်ထုတ်ခဲ့တယ်။
နောက်တော့။ လှောင်အိမ်ထဲမှာ တစ်ခြားသာမန်ကျားတစ်ကောင်ကိုအစားထိုးပြီးကျုပ်ကိုခေါ်ထုတ်သွားပေးခဲ့ကြတာ။
ယုန်ဖြူလေးကိုလာခေါ်ဖို့လုပ်ပေမယ့်။ ဟက်~ လူသတ်မှုနဲ့ရဲတွေလာဖမ်းသွားပြီတဲ့လေ။
