မီးရောင်ပျပျအတွင်းမှထွက်ပေါ်လာသောထိုလူသည် မိမိအရှေ့ရှိလူသုံးယောက်အား မာန်ပါပါကြည့်လိုက်ရင်း ပုခုံးကနေတွန်းထုတ်လိုက်သည်။
" အားးး!!"
တွန်းထုတ်လိုက်တဲ့အားကပျင်းတဲ့အတွက် ထိုလူသုံးယောက်သည် မလှမ်းကမ်းသို့လွင့်စင်သွားရသည်။
ညမီးရောင်အောက် တစ်လက်လက်တောက်ပနေသောသူ၏မျက်ဝန်းဝါများကလည်းသိပ်ကြောက်ဖို့ကောင်းသည်။
" မ မလုပ်ပါနဲ့ တောင်း တောင်းပန်ပါတယ်"
ထိုလူသုံးယောက်ထဲမှတစ်ယောက်က လက်နှစ်ဖက်ကိုပွတ်သပ်ပြီးတောင်းပန်လေသည်။
သို့ပေမယ့်။ ထယ်ယောင်းရဲ့ခြေလှမ်းကျဲများကထိုလူ့ထံဦးတည်ရင်းလက်သည်းချွန်ချွန်တို့ကရှည်ထွက်လာသည်။
" အားး!!"
ထိုလူ၏မျက်နှာအနားသို့လက်သည်းချွန်ချွန်တို့ရောက်မည်ကြံသော်။
အနောက်ကနေသိုင်းဖက်လိုက်သည့်လက်တစ်စုံကြောင့်ရပ်တန့်သွားရသည်။
ထိုလူသုံးယောက်ကတော့ကြောက်ကြောက်လန့်လန့်နှင့်ဖိနပ်တောင်မစီးနိုင်ပဲထွက်ပြေးသွားကြတော့သည်။
" မလုပ်နဲ့ ခင်ဗျားသူများအသက်ကိုသက်လို့မဖြစ်ဘူး"
" ကျုပ်ရဲ့ယုန်ဖြူလေးကိုဒီလိုတွေထိတွေ့နမ်းရှိုက်တဲ့လူကို ကျုပ်ကခွင့်လွှတ်ပေးရမှာတဲ့လား။"
" ကျွန်တော် ဟင့် ကျွန်တော်တောင်းဆိုပါတယ်။ တကယ်ရှက်လွန်းလို့သေချင်တော့တာပဲ။"
ရှိုက်သံဖျဖျကြောင့် လက်သည်းချွန်ချွန်တို့ကသာမန်ဖြစ်သွားပြီး။ အဝါရောင်မျက်ဝန်းများက အညိုရောင်အဖြစ်သို့ပြောင်းလဲသွားချေသည်။
ဖက်တွယ်ထားတဲ့လက်တွေကိုဖြေချလိုက်ရင်းမျက်နှာချင်းဆိုင်လိုက်တော့။ မျက်ရည်စတို့နှာတံထိပ်ဖျားလေးအထိစီးကျအောင်ငုံ့ထားလေသူလေးသည်။
အင်္ကျီတို့ဖရိုဖရဲနဲ့ပုံပျက်လျက်ရှိသည်။
ထို့အတွက်။ အင်္ကျီကိုဘယ်လိုပြန်ဝတ်ပေးရမှန်းမသိတဲ့ထယ်ယောင်းက ဂျောင်ဂုကိုဖက်ထားလိုက်၏။
