မနက်နေမထွက်ခင်နှင့်ရွာသားတွေမနိုးခင်အချိန် ထယ်ယောင်းနေတဲ့လှိုင်ဂူကနေဂျောင်ဂုပြန်လာခဲ့သည်။
ထယ်ယောင်းကလည်း တောစပ်အထိလိုက်ပို့တာမို့ဂျောင်ဂုမကြောက်ရ။
အိမ်ပြန်ရောက်တော့။ ဦးလေးမသိအောင်တိတ်ကလေးအိမ်ထဲဝင်ပြီး ဟန်မပျက်အိပ်နေလိုက်သည်။
" ဂျောင်ဂု ဒီနေ့ရွာကို မြို့ကဧည့်တွေလာလိမ့်မယ်။ အဲ့ဒါမင်းက နတ်ဆရာအဝတ်စားနဲ့ထွက်ကြိုပြီး ကြိုဆိုပွဲလုပ်ရမယ်။"
မနက်စာထမင်းဝိုင်းတွင် ဦးလေးဖြစ်သူ၏အပြောကြောင့်။ ဂျောင်ဂုလက်ထဲရှိ ပုဇွန်ချဥ်လေးမှာလေထဲတွင်တန့်နေတော့သည်။
" ဘယ်လိုဧည့်သည်မျိုးမလို့ ကျွန်တော်ကတခမ်းတနားထွက်ကြိုရမှာလဲ။"
" သူတို့က သမန်းကျားဖမ်းတဲ့အဖွဲ့။"
" သမန်းကျားဖမ်းတယ်!"
" ဟုတ်တယ်။ တောင်းပန်ပွဲအတွက်သမန်းကျားကိုဘယ်လိုရှာရမှန်းမသိလို့သူတို့စီဆက်သွယ်လိုက်တာ။ "
" သူတို့ကရော သမန်းကျားဘယ်မှာရှိလဲအတိကျသိမှာမှမဟုတ်တာ။ ရှုပ်ရှုပ်ရှက်ရှက်ရှက် အယုံကြည်မရှိဘူး။"
ဂျောင်ဂုဖုံးဖိလို့ရငြား မယုံဟန်ဆောင်ပြီးသာ ထမင်းဆက်စားနေလိုက်သည်။
" ယုံရလားမယုံရလားတော့ငါလည်းမသိသေးဘူး။ သူတို့အဖွဲ့သမန်းကျားရှာလာတာဆွေစဥ်မျိုးဆက်ပဲ။"
" ထားပါတော့။ ကျွန်တော်ပြောရဲတယ် သူတို့ဖမ်းမိမှာမဟုတ်ဘူးဆိုတာ။"
ဂျောင်ဂုကထမင်းစားမပျက်ပြောတော့ ဦးလေးဖြစ်သူကခေါင်းကိုသာခါရမ်းလိုက်သည်။
သူလည်း ထိုတဇွတ်ထိုး လေးအားစကားနိုင်လုလို့ရမည်မဟုတ်။
_____
မီးမခတောင်အဝင်တွင် ဆိုင်းသံဗုံသံများကဆူညံလျက်။ ထိုနည်းတူ။
ပန်းမိုးများရဲ့အလယ်။ မျက်နှာထက်ပုဝါစလေးကိုစည်းပြီး ယိမ်းနွဲ့ကနေသူကလည်း စည်းချက်ညီညီလှုပ်ရှားလျက်။
မကြာပါ။ ကားနှစ်စီး ဝင်လာပြီး ရွာမုဒ်ဦးတွင် ရပ်လိုက်၍ ထိုကားထဲမှ လူအများအပြားဆင်းလာကြသည်။
