(အပိုင်း၂၆)ဇာတ်သိမ်းပိုင်း

2.6K 184 140
                                        

ဂျောင်ဂုလည်းအနောက်က တစ်တွတ်တွတ် ရွတ်နေသည့်ထယ်ယောင်းကိုအာရုံမရ ။ သူ့အကြိုက် အားလူးချောင်းရယ်၊ ဘာဂါနှင့် ကော်ဖီကိုနှစ်​ယောက်စာမှာလိုက်သည်။

ထိုအချိန်မှာပင်။

" ဟင် ဂျောင်ဂု!?"

" ဘွမ်ဂယူ!?"

ကောင်တာမှာ ပူတင်းမှာနေပါသော ဘွမ်ဂယူသည် ဂျောင်ဂုကိုတွေ့သည်နှင့် မျက်လုံးပြူးမျက်စံပြူးအံ့ဩလေသည်။

" ဂျောင်ဂု~~!!! အီးးးဟီးးးး~ ငါ့သူငယ်ချင်းလေးကိုပြန်တွေ့ပြီ အမလေးမိုးနတ်မင်းရဲ့! ကျေးဇူးကြီးမားပါတယ်ဗျာ အီးးးဟီးးး~"

မိုးနတ်မင်းကိုတလို့ ဂျောင်ဂုအား ပူတင်းခွက်ကြီးတစ်ဖက်နှင့် ဆွဲကာဖက်​လေသည်။

သို့ပေမယ့်။ ဖက်မိသည်က ဂျောင်ဂုကိုမဟုတ်ပဲ ထယ်ယောင်းကိုသာဖြစ်နေသည်။

အဘယ်ကြောင့်ဆို။ ဂျောင်ဂုအရှေ့တည့်တည့်မှာပိတ်ရပ်လိုက်သည့်အတွက်ပင်ဖြစ်ချေသည်။

ထိုမှသာလျှင်။ သူ့အရပ်နှစ်ပြန်စာရှိတဲ့ထယ်ယောင်းကိုမော့ကြည့်ပြီးလန့်၍ အနောက်သို့ဖယ်ခွာလိုက်၏။

ပြီးမှ။ တရစပ် မေးခွန်းများကိုမေးတော့သည်။

" ဟင် ခင်ဗျားဘယ်သူလဲ။ ဘယ်ကလဲ။ ဘာဖြစ်လို့ကျွန်တော့်သူငယ်ချင်းနဲ့အတူရှိနေရတာလဲ။ ဘာလို့ဟိုကောင်ကရောရုတ်တရက်ကြီး ပျောက်သွားရတာလဲ။"

" ဘ ဘွမ်ဂယူ သူငယ်ချင်း​လေးအေးအေး ဆေးဆေးပြောကြရအောင်လေနော်။ ဟိုဘက်ဝိုင်းမှာသွားထိုင်ရအောင် ဟဲဟဲ"

လင်နောက်ကိုလိုက်သွား ပြီး ကတည်းက အဆက်သွယ်မလုပ်သောဂျောင်ဂုသည် ဘွမ်ဂယူ့အားမျက်နှာချိုသွေးရတော့သည်။

နောက်တော့မှ။ ဘေးနားရှိ ဝိုင်းတစ်ဝိုင်းမှာထိုင်ကာ တံတွေးကိုမျိုချပြီး ထယ်ယောင်းကိုတစ်ချက်ကြည့်၍ဖြေရှင်းရန်အသင့်ပြင်လိုက်သည်။

ဘွမ်ဂယူကတော့ ပူတင်းကိုဇွန်းနဲ့တစ်ဇွန်းလက်စားလိုက်ပြီး ဂျောင်ဂုကိုထိုဇွန်းနဲ့တထိုးထိုးလုပ်ရင်းမေးသည်။

(သစ္စာ) ( Complete) Where stories live. Discover now