ပုခုံးနောက်ကနေပုတ်ပြီးခေါ်လိုက်တဲ့အတွက်ဂျောင်ဂုလန့်သွားရသည်။ ထို့ကြောင့်လှဲ့ကြည့်လိုက်သော်။
" ဟင် ဟိုလူ"
" ကိုယ့်ကိုမှတ်မိသားပဲ"
အားကစားဝတ်စုံကိုဝတ်လာတဲ့ဂန်းဟန်က မနက်ခင်းအပြေးလေ့ကျင့်ခန်းလုပ်နေဟန်။
ဂျောင်ဂုလည်း သူ့ပုံစံသူသတိရပြီး ဟနေတဲ့ရင်ဘက်နေရာတွေက်ုလက်နှစ်နဲ့အမြန်အုပ်ထားလိုက်၏။
" ဟဟ~"
" ဘာရယ်တာလဲမင်း"
" ဒီအတိုင်း ချစ်ဖို့ကောင်းလို့ပါ။ ဒါနဲ့ ဒီလိုအဝတ်စားတွေဝတ်ပြီးဘယ်ကပြန်လာတာလဲ။ နောက်ပြီး နှုတ်ခမ်းကနည်းနည်းယောင်နေသလားလို့။"
" စပ်စုလိုက်တာ။ တောစပ်ကစမ်းချောင်းမှာရေသွားချိုးတာလေ။ မနက်ခင်းဆောဆောထတော့နှုတ်ခမ်းတင်မကဘူး မျက်လုံးတွေပါယောင်နေတာပေါ့။ တကယ်တည်း အတော်ကိုစပ်စုလွန်းတယ်။"
ဂျောင်ဂုသည် စကားအမြန်ဖျက်ပြီး အိမ်ထဲကိုခြေဆောင့်ကာဝင်သွားလိုက်သည်။ ထိုသည်ကိုကြည့်၍ ဂန်းဟန်နှုတ်ခမ်းတွေတွန့်ချိုးသွားရသည်။
သူထိုလူသားလေးကိုချစ်သည်။ မြင်မြင်ချင်းအချစ်ဆိုတာမယုံခဲ့ပေမယ့် သူလေးနဲ့တွေ့မှခံးစားဖူးပြီဖြစ်၏။
ယခုလို အတိုအပျက်တွေဝတ်သည်က ထိုသူလေးရဲ့အကြိုက်ပေမို့လားတော့မပြောတတ်။ မစီမဆိုင်ကိုယ်ကသဝန်တွေတိုနေရသည်မှာခက်ရချေသည်။
တစ်နေ့တော့ ထိုလူသားလေးရဲ့နှစ်သက်မှုကိုအရယူပြီး နှစ်ကိုယ်တူလက်တွဲဖို့ရာအထိတွေးတောထားပုံမှာ။ ရူးကြောင်ကြောင် နိုင်တယ်ဆိုပေမယ့်ကြိုးစားကြည့်ချင်ပါသေးသည်။
နောက်မှာတော့။ ချစ်ရသူရဲ့အရိပ်လေးအိမ်ထဲသို့ရောက်သွားမှသာကိုယ့်လမ်းကိုပြန်လျှောက်တော့သည်။
ဘယ်မိန်းမသားနဲ့မှမကြွေခဘူးတဲ့ကိုယ်နှလုံးအိမ်လေးက မင်းနဲ့မှကြွေကျပါရောလား။
_____
နေ့လယ်ဘက်။ ရွာလူကြီးရဲ့အိမ်တွင်ဂျောင်ဂုတို့တူရီးနှစ်ယောက်နှင့် ဂန်းဟန်တို့အဖွဲ့သားတွေစုရုံးနေကြသည်။
