ဂန်းဟန်တစ်ယောက် အစည်းဝေးကနေပြန်လာပြီး။ ရွာထဲလမ်းပတ်လျှောက်ရာမှ တောထဲကိုဝင်သွားသည့်အရိပ်တစ်ခုကြောင့် မသိမသာလိုက်ချောင်းမိသည်။
အနီးကပ်ဆိုလျှင်မိနိုင်ချေရှိသည်မို့ခက်ဝေးဝေးကသာလိုက်သွား၏။ နောက်တော့ ထိုလူ၏မျက်နှာဘေးသို့လှည့်လိုက်စဥ်။
" ဂျွန်လေး?"
ဂျောင်ဂုဟုထင်ရက်စရာမရှိ၊ဘာကြောင့်များခိုးကြောင်ခိုးဝှက်ဖြင့်တောထဲသို့လာရသနည်း။
ဂန်းဟန်လည်း သိလိုစိတ်နှင့်ဆက်လိုက်လေတော့။ ရေတံခွန်ထဲကိုဝင်သွားသည့်ဂျောင်ဂု။
ဒါနဲ့ ဂန်းဟန်လည်း ဂျောင်ဂုအရင်တစ်ခေါက်ပြောခဲ့သလိုရေချိုးသွားသည်ဟူ၍ပဲထင်လိုက်သည်။
ထို့အတွက်။ မည်သို့ပင်ထိုလူသားလေးအပေါ်ချစ်နှစ်သက်နေပါစေ တဏှာစိတ်နဲ့မပြစ်မှားချင်တာကြောင့်ရွာထဲကိုသာပြန်လာခဲ့တော့သည်။
တစ်ဖက်ကဂျောင်ဂုကတော့ ထယ်ယောင်းကျွေးတဲ့သမင်သားကိုစားကောင်းတုန်း။
" ယုန်ဖြူလေး ဒါပြီးရင်တော်တော့နော်~။ တော်ကြာအံထွက်ကုန်မှာစိုးလို့။"
" မတော်သေးဘူး။ ဒီမှာစားလို့ကောင်းတယ်။"
တစ်ဝက်နည်းနည်းလောက်စားထားပြီးပြီဖြစ်တဲ့ဂျောင်ဂုကိုထယ်ယောင်းတားသော်လည်းမရ။
စားဇမရှိတဲ့သူမို့ တစ်ခုခုဖြစ်မှာစိုးရိမ်သည်။ သူ့ရဲ့ယုန်ဖြူလေးက အလိုလိုမှနုနုလေးရယ်။ထိခိုက်သွားရင်တော့ရင်ကျိုးရချည်ရဲ့။
" လက်ထဲကဟာကုန်ရင်တော်ပြီနော်ယုန်ဖြူလေး။"
" အင်းအင်းသိတယ်။ အခုတလော ဒီလိုအရမ်းစားချင်တာပဲ။ အိမ်ကဟင်းချက်နံ့တွေမခံနိုင်ဘူး အံချင်လွန်းလို့။"
" တခြားမှာရှောင်နေလေယုန်ဖြူလေးရဲ့။ ဒါမှမဟုတ်ကျုပ်စီလာခဲ့ပေါ့။"
" နေပါစေ။ မြို့ရောက်မှပဲဆရာဝန်နဲ့ပြတော့မယ်။ အစာအိမ်လားမသိဘူးခဏခဏအန်နေတယ်။"
" အစာအိမ်က သတ္တဝါတိုင်းမှာရှိတယ်လေယုန်ဖြူလေးရဲ့"
ထယ်ယောင်းရဲ့အူတူတူအမေးအား ဂျောင်ဂုမျက်မှောင်ကျုံ့လိုက်ရင်းဆရာကြီးဆိုဒ်ဖမ်းကာဖြေလိုက်သည်။