အခါတိုင်းလိုပဲဂျောင်ဂု လူမသိသူမသိထယ်ယောင်းရဲ့လိုက်ပို့မှုနဲ့အတူအိမ်ပြန်ရောက်လာခဲ့သည်။
ဒီတစ်ခါမှာတော့။ မနက်ဆောဆော ဂျောင်ဂုအိမ်ရှေ့တွင်တစ်ယောက်သောသူကယောက်လို့နေချေသည်။
" ဂန်းဟန်?"
" ကိုယ့်ကိုမြင်တာနဲ့ဘာလို့အလိုမကျဖြစ်နေရတာလဲဂျွန်လေး"
" ဆောဆောစီးစီးသူများအိမ်ရှေ့ဘာလာလုပ်တာလဲ"
" ဒီအတိုင်းလမ်းလျှောက်ရင်းကြုံတာနဲ့ဂျွန်လေးစီလာတာလေ။ ဂျွန်လေးကလည်းမနက်အဆောကြီးဘယ်ကပြန်လာတာလဲ။"
" အဲ့လိုမခေါ်! ဟူး~"
အသံကုန်အော်မိတော့မည်ဂျောင်ဂုသည် မနက်ဝေလီဝေလင်းအချိန်ဖြစ်တာမို့ဒေါသလျှော့လိုက်ရသည်။ ထို့နောက်။ အံကိုကြိတ်ခဲ၍။
" ရေသွားချိုးတာလို့ပြောထားတယ်လေ။ ယောကျာ်းတန်မဲ့စပ်စုလိုက်တာလွန်ပါရော။ ဖယ် ငယအိမ်ထဲဝင်မလို့။"
" ကိုယ့်ကိုအိမ်ထဲဝင်ပါဦးတောင်မခိုင်းဘူးလား"
" မခိုင်းပါဘူးရာရာစစ။ မင်းကငါ့ယောကျာ်းမှမဟုတ်တာ ငါယောကျာ်းဂင်မ်ထယ်ယောင်းဆိုဝင်ခိုင်းမှာပေါ့။"
ဂျောင်ဂုသုံးနှုန်းလိုက်သည့် နာမ်စားများကြောင့် ဂန်းဟန်အိမ်အဝမှာတင်ငိုင်တိုင်တိုင်ကျန်ရစ်နေတော့သည်။
ဂျောင်ဂုကတော့ မျက်ဆောင်းထိုးရင်း အိမ်တံခါးကိုဖွင့်ပြီးတော့သာဝင်သွားတော့၏။
_____
" မနေ့ညက ကွန်ပတ်စ် ရပ်သွားတာအတော်အံ့ဩဖို့ကောင်းတယ်။ ကျွန်တော်တို့ရဲ့ ပစ္စည်းတွေမှာချို့ရွင်းချက်ကမရှိသလောက်ပဲအခုမှဘယ်လိုဖြစ်တာလဲတကယ်မသိတော့ဘူး။"
အခါတိုင်းစုစည်းနေကြ ရွာလူကြီးရဲ့အိမ်မှာဂန်းဟန်တို့အဖွဲ့နှင့် ဂျောင်ဂုတို့တူအရီးနှစ်ယောက်လည်းရှိနေပေသည်။
" ဒါဆိုဂန်းဟန်တို့ဘယ်လိုဆက်လုပ်ကြမလဲ။ ဦးလေးတို့ကမင်းတို့ကိုယုံကြည်ထားတာနော်။"
ရွာလူကြီးကပြောလိုက်သည်။
" စိတ်ချပါရွာလူကြီး။ ကျွန်တော်တို့နောက်အစဉ်စီပြောင်းမှာပါ။"
