ယနေ့သည်ဒီဇင်ဘာဆောင်းည၏အစပျိုးရာနေ့တစ်နေ့ဖြစ်၏။
ထိုနည်း၎င်းပင်။ ခမ်းနားလှသည့်အိမ်ကြီးအတွင်း ကလေးငယ်သံတို့နှင့်ဆူညံပွတ်လောရိုက်နေပေတော့သည်။
အဲ့~! အဲ့~! အဟင့်~!
" အို အို Daddyနို့ဘူးသွားယူတယ်ခဏပဲစောင့်နော်သားလေး။...ယား! ဂင်မ်ထယ်ယောင်း! ခင်ဗျားဒီတစ်သက်နို့မှုန့်ဖျော်လို့ပြီးဦးမှာလား!။"
" ပြီးပြီ ယုန်ဖြူလေးခဏပဲခဏ!"
မီးဖိုခန်းထဲမှပြန်ဖြေသည့်ထယ်ယောင်းကြောင့်ဂျောင်ဂုစိတ်လေဟန်ကြည့်သည်။
လက်ထဲ၌ပွေ့ထားသော သားလေးဂျောင်ထယ်။ လွန်ခဲ့တဲ့နှစ်ကမှ ဂျွန်ယောင်းက မောင်လေးလိုချင်သည်ပြော၍ ဖန်ပြွန်နည်းပညာနှင့်ယူခဲ့သည့်သားငယ်လေးဖြစ်သည်။
အဘယ်ကြောင့်ဆို။ လွန်ခဲ့တဲ့ ၃နှစ်ကထယ်ယောင်းလက်ချက်နှင့်သားအိမ်ထုတ်လိုက်ရသည်ကိုး။
ဒါကြောင့်။ အခုဆိုဂျောင်ထယ်လေးတောင်၁လနီးပါးရှိတော့မည်ဖြစ်၍ ဂျွန်ယောင်းလေးဆိုလွန်ခဲ့တဲ့ရက်ကမှ၈နှစ်ပြည့်လေပြီ။
အတိတ်ကိုရပ်ပြီး ပစ္စုပ္ပန်အားဆက်လိုက်သော်။
" မပြီးသေးဘူးလား ကျားစုတ်ကြီး!။ နို့မှုန့်သွားဖျော်နေတာကျွန်တော်နောက်လင်တောင်ရတော့မယ်!။"
" ပြီးပါပြီကွာ။ ရေနွေးကပူခြစ်နေလို့အအေးခံနေတာ။ ရော့။"
ထိုင်ခုံပေါ်ကလေးပွေ့ရင်းထိုင်နေတဲ့ဂျောင်ဂုစီနို့ဘူးပေးလိုက်ပြီး သူပါတစ်ခါတည်း မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်သည်။
နီတာရဲအနှီးထုပ်လေးရဲ့နှုတ်ခမ်းရှေ့နို့ဘူးတေ့ပေးလေတော့ တပြွတ်ပြွတ်နှင့်စုပ်ယူသည်။
" ဟူး~ ဒီနေ့လည်းအလုပ်နားရတော့မယ်ထင်တယ်"
" ဘာလဲ ကျွန်တော်တို့သားအဖကိုကူပေးနေရလို့ညိုငြင်တာလား"
" ဟော မဟုတ်ရပါဘူးဗျာ။ ကျုပ်မှာသားလေးကိုတောင်ချီလို့မဝသေးတာ။ ကျားပေါက်လေးကိုကျောင်းသွားကြိုရဦးမှာမလို့။ အဲ့ဒါကြောင့် အလုပ်နားမယ်ပြောတာ။"