(အပိုင်း၂)

1.7K 221 99
                                    

Seoul မြို့ကြီးရဲ့လမ်းမထက်။

တီ~~~~!!!!

" ဟာ ဒီအရူးနဲ့တော့တိုက်မိမလို့နည်းနည်းပဲလိုတော့တယ်"

" အဝတ်လွတ်အစားလွတ်ကိုရူးနေတာတော့"

" ရုပ်လေးကြည့်တော့ချောချောလေးကိုဟယ်"

စသည်တို့ဖြင့်။ လမ်းမထက်မှာရောပလပ်ပေါ်ကလူများပါလန့်ရသည်အထိအကြောင်းရင်းကတော့။

အတန်းလိုက်မောင်းနှင်လာကြသည့်ကားများအကြား ရပ်နေသော အဝတ်အစားမဲ့လူတစ်ယောက် ကြောင့်ဖြစ်ပေသည်။

ထိုလူ့အား မတိုက်မိအောင်ရှောင်ကြရှားကြရင်းဖြင့်နောက်ဆုံးမှာတော့ယာဥ်ကြောပိတ်ဆို့ရသည်အထိပင်။

သို့ပေမယ့်။ ထိုလူကတော့ တစ်စုံတစ်ရာအားရှာဖွေနေဟန်ရှိ၏။

" ဂျောင်ဂု မင်းရဲ့အမှုသည်က ဖုန်းဆက်လာတယ်။ယာဥ်ကြော ပိတ်ဆို့မှုဖြစ်လို့ဒီနေ့မလာနိုင်တော့တာပါတဲ့။"

ဖုန်းကိုနားနဲ့ပုခုံးကြားညှပ်ကာ လျှောဖွတ်ထားသည့်အဝတ်များကို ဝရံတာတန်းပေါ်လှန်းလိုက်သည်။

" ဟုတ်ပြီလေ။ ဒါနဲ့ ယာဥ်ကြော ကဘာလို့ပိတ်တာတဲ့လဲ ဘွမ်ဂယူ။"

" TVသတင်းနဲ့ Instargram မှာပျန့်နေတဲ့ post တွေကိုမင်းကြည့်လိုက်သိသွားလိမ့်မယ်။ ရှင်းပြဖို့အချိန်မရှိဘူးငါ့အမှုအတွက်သက်သေတွေပြန်ကြည့်ရဦးမှာ။"

" အေးအေး ဒါဆို ဖုန်းချလိုက်ပြီ။"

အဝတ်လှန်းတာကိုခဏရပ်ပြီးဖုန်းချလိုက်သည်။ လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် သူငယ်ချင်းလေးကိုအားကိုးရမလားဟုမေးမိပါရဲ့ အငေါက်ခံလိုက်ရသည်။

ထို့အတွက်။ သတင်းသိစေဖို့ TVဖးကိုသာဖွင့်ကြည့်လိုက်၏။အဘယ်ကြောင့်ဆို Instargram မကြည့်သည်က။ သတင်းသိရမှာခြင်းအတူတူဘေအကုန်မခံချင်သောကြောင့်ဖြစ်သည်။

TVသတင်းလိုင်းသို့ယူပြောင်းလိုက်သော်။

*~ စနေနေ့လယ် ၁၂:၄၅ အချိန်က Seoul လမ်းမတွင်ယာဥ်ကြော ပိတ်ဆို့မှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။ ယာဥ်ကျောပိတ်ဆို့မှုရဲ့အစက စိတ်မနှံ့သူတစ်ဦးဖြစ်တဲ့အတွက် ယာဥ်ထိန်းရဲများကထိုစိတ်မနှံ့သည့်အမျိုးသားအား လမ်းမပေါ်ကခေါ်ထုတ်ပေးပြီး။

(သစ္စာ) ( Complete) Where stories live. Discover now