Part1

12.4K 481 7
                                    

ဆောင်းဉီးလေသည် ခြောက်သွေ့ကာအထီးကျန်ခြင်းတွေကိုသယ်ဆောင်လာသလိုပင်။တက္ကသိုလ်ကျောင်းသားတယောက်အနေနဲ့ အထီးကျန်ခြင်းဆိုတာ မအပ်စပ်သည့်အရာဆိုပေမယ့် သူကတော့တကယ်ကိုအထီးကျန်သည်။ပါဝါမျက်မှန်ထူထူနှင့်စာအုပ်တွေကိုလက်ကနေမချတမ်းကိုင်ထားသည့်သူ့ကို တခြားအတန်းဖော်တွေကအစပျင်းစရာကောင်းတဲ့ကောင်ဆိုပြီး ဘသူကမှအရေးတယူလုပ်လေ့မရှိ။ကျောင်းစတက်ကတည်းကအခုထိသူ့မှာ သူငယ်ချင်းဟူ၍မယ်မယ်ရရ လက်ညိုးထိုးပြစရာမရှိပေ။ဘယ်သူကမှ သူ့ကိုအရေးတယူမလုပ်ခြင်းကို သူ့အနေနဲ့ကလည်းသိပ်ပြီးခံစားပြမနေ ကိုယ့်ကမ္ဘာနဲ့ကို နေပျော်သည်။ကိုယ့်ဘောင်ကျဉ်းကျဉ်းလေးထဲမှာပျော်နေသည်။တချို့အတန်းဖော်တွေက​ပြောကြသည်။လောကကြီးကိုဘောင်ထဲကနေကြည့်နေလို့တဲ့လေ။တချို့တွေကျတော့လည်း သူဟာစိတ်မမှန်ဘူးတဲ့လေ သူ့ဟာနဲ့သူရူးနေတာတဲ့။သူ့ဘဝသည်ဝေဖန်မှုတွေကြားထဲမှာနေသားကျလာကာ ဘယ်သူ့ကိုမှလည်း တကူးတကလိုက်လံရှင်းပြမနေချင် တချို့လူတွေကျတော့ ကိုယ်ဘယ်လောက်ပြောပြော ရှင်းပြရှင်းပြသူတို့ထင်ရာမြင်ရာကိုသာ တဇွတ်ထိုးပြောဆိုနေတာဟာသိပ်စိတ်ပျက်စရာ။သူ့အတွက်တော့ စာအုပ်တွေထဲကဇာတ်ကောင်တွေလောက်လူတွေကစိတ်ဝင်စားစရာကောင်းမနေပေ။

ဘယ်သူဘာပြောနေနေ သူကတော့ မထုံတတ်တေးလို ဂရုလည်းမစိုက်။သူစိတ်ပါရာသူလုပ်ချင်ရာကိုသာလုပ်တတ်သည်။ယခုတက်နေ​ေသာတက္ကသိုလ်အဆောင်မှာလည်း သူသာအခန်းဖော်မဲ့လျက် နှစ်တစ်ယောက်ခန်းဆိုသော စည်းမျဉ်းသည် သူနှင့်မသက်ဆိုင်သည့်အရာလိုပင်။စတက်သည့်နှစ်စက အခန်းဖော်ရှိသော်လည်း ပျင်းစရာကြီးဟုဆိုကာ အခန်းပြောင်းသွားသည်။လကုန်အောင်ထိတောင်မနေပေ။နောက်ထပ်ရောက်လာသည့်အခန်းဖော်များသည်လည်း ထိုးနည်း၎င်းပင်ဖြစ်ရာ ခုထိသူ့မှာအခန်းဖော်မရှိပေ။ဒါလည်းကောင်းတာဘဲနား​ေအးပြီးကိုယ့်ပစ္စည်းသူများယူသုံးတာမကြိုက်သည့်သူ့အတွက်အတော်လေးအဆင်ပြေသည်။

သို့ပေမယ့်ယခုနှစ်စတွင်လည်း အခြားနှစ်များလိုပင်အခန်းဖော်ရောက်လာမည်ဟု အဆောင်မှုးကပြောသည်ကို သူပြုံးဘဲ​ြပလိုက်ကာ ပစ္စည်းတွေနေရာချပြီး သူထိုင်နေကျ ပြတင်းပေါက်လေးမှာ စာထိုင်ဖတ်နေလိုက်သည်။ ချမ်းစိမ့်စိမ့်လေးဖြစ်လာတာကြောင့် အနွေးထည်ယူဝတ်ရန်သူထလိုက်သည့်အခါ တံခါးဖွင့်သံနှင့်အတူလူတယောက်ဝင်လာသည်။ပစ္စည်းအနဲငယ်နှင့်ထိုလူသည် သူ့အားပြုံးပြနှုတ်ဆက်လာသည်။

LoVe StoRyWhere stories live. Discover now