Part20

3.9K 281 11
                                    

နေ့လည်စာဗိုက်ဖြည့်ပြီးနောက်
အသားကင်ဆိုင်မှ ဝတ်စုံအစမ်းဝတ်ဖို့ထွက်လာခဲ့ကြသည်။လမ်းတစ်လျှောက်လုံး
ဘေးကနေတိတ်တိတ်လေးငြိမ်ပြီး
လိုက်လာခဲ့သည်။တစ်ခုမဟုတ်တစ်ခုတော့
တွေးနေပြန်ပြီဆိုတာ Jungkookသိလိုက်ပါပြီ။ဉီးနှောက်လေးကိုဘယ်တုန်းကမှအနားမပေးခဲ့...။တစ်ခုမဟုတ်တစ်ခုတော့တွေးနေတာဘဲ။အခုလည်းဘာတွေတွေးပြီလဲမသိ။
ကုမ္မဏီတစ်ခုလုံးကိုဉီးဆောင်နေရတဲ့
ကိုယ့်ထက် သူကပိုပြီးတွေးစရာတွေရှိနေပုံ။

လက်သေးသေးလေးတွေကို လှမ်းဆုပ်ကိုင်လိုက်တော့ကြည့်လာသည်။

"ဘာတွေတွေးနေ​​ပြန်တာလဲ ..."

"ဟမ်...."

Jungkookပြောလိုက်မှ စိတ်နဲ့လူနဲ့ကပ်သွားသည့်ပုံတကယ့်အတွေးသမားလေးပါဘဲ..။

"ငါပြောလိုက်တာလွန်သွားလားမသိဘူး..."

"ဘာကိုပြောတာလဲ..."

"မီဆန်းကိုပြောခဲ့တာတွေလေ
ပြန်တွေးကြည့်တော့လည်း ငါ့ဘက်ကများလွန်သွားသလားလို့ ငါအားနာလာသလိုဘဲ"

သွေးပူနေတဲ့အချိန်မှာပြောခဲ့မိတာတွေက
ခုလိုသွေးအေးသွားချိန်မှာ ပြန်တွေးကြည့်ရင်
အားနာရတာတွေစိတ်မကောင်းဖြစ်ရတာတွေချည်း...။သူကတစ်ချိန်လုံးကိုယ့်အပေါ်မှာမကောင်းတာတွေဘဲလုပ်ခဲ့မှန်းသိနေခဲ့တာတောင် သူတစ်ခါလေးပြန်ပြီးပြောခဲ့မိတာတွေကို စိတ်မကောင်းဖြစ်မိနေသည်။
Jiminကိုယ့်စိတ်ကို သေချာနည်းမလည်တော့ဘူး။ကိုယ့်အပေါ်မှာမကောင်းတဲ့သူကိုတောင်
အားနာနေတယ်ဆိုတာက နဲနဲမဟုတ်ဘူး
အများကြီးကို သဘောကောင်းလွန်းနေတာမဟုတ်ဘူးလား....။ပြင်ရမယ်။ဒီစိတ်ကိုပြင်မှကိုရမှာ...။လက်ကိုဆုပ်ကိုင်ပေးထားတဲ့
လက်တစ်စုံက ပိုပြီးတင်းကြပ်သွားသည်။

"မောင်ကလေ ခုနကမင်းရဲ့ပုံစံလေးကိုအကြိုက်ဆုံးဘဲ။"

"ဘာလဲ ဗီလိန်လိုပုံစံကြီးကို..."

"ကိုယ့်ကိုတစ်ချက်ရိုက်ရင်
ကိုယ်ကလည်း နှစ်ချက်ပြန်ရိုက်ခဲ့
ကိုယ့်ကိုတစ်ဆလာထိရင်
ကိုယ်ကနှစ်ဆပြန်ထိခဲ့
ကုန်ကုန်ပြောရရင် မင်းအသားကိုနာအောင်လုပ်ရင် မင်းကသူတို့ကိုအသားနာတာထက်ဆိုးအောင်လုပ်လာခဲ့ ကျန်တာမောင်ရှင်းပေးမယ်.....။
တစ်ခုဘဲ ဘယ်တော့မှနောင်တမရနဲ့
မင်းလုပ်ခဲ့တာတွေအကုန်မှန်တယ်
Park Jiminမလို့ကိုမှန်တယ်...။"

LoVe StoRyWhere stories live. Discover now