ပါမောက္ခရုံးခန်းကနေ ပြန်လာပြီးနောက်
သူအရင်ဆုံးပြေးကြည့်မိတာက
စီနီယာတို့မေဂျာဆောင်ကိုပင်.....။
အတန်းထဲမှာလည်း Kim Taehyungကလွဲပြီး
စီနီယာ့ကိုလည်းမတွေ့ရပေ...။
စီနီယာသူငယ်ချင်းသည် သူ့ကိုတွေ့တာနှင့်
လက်လှမ်းပြလာသည်။
မသွားချင်သော်လည်း စီနီယာသူငယ်ချင်းက
ထယ်တစ်ယောက်သာရှိသည်မို့
Jungkookအတန်းထဲကိုဝင်လာလိုက်ရသည်။အနားရောက်တာနှင့် ထိုင်တောင်မထိုင်ရသေးမေးခွန်းကအရင်စမေးတော့သည်။
"Jiminရော......
ဒီနေ့မလာဘူးလား
သူများတွေပြောတော့ မင်းနဲ့ကော်ဖီဆိုင်ထဲဝင်သွားတယ်တဲ့......
ခုဘယ်မှာလဲ.......""ကော်ဖီဆိုင်မှာမရှိရင်တော့ အဆောင်ကိုပြန်သွားလောက်ပြီ...."
"သူနေမကောင်းဘူးလား...
အတန်းလည်း လာမတက်ဘူး.....""နေကကောင်းပါတယ်......
စိတ်ညစ်စရာတစ်ခုခုရှိနေလို့ထင်တယ်""ဒါဆို Jiminဆီသွားရအောင်လေ..."
အပြောကနောက် လူအရင်အတန်းပေါက်နားရောက်နေပြီ။Jungkookလည်းနောက်ကနေ
ထပ်ကြပ်မကွာပါလာရတော့သည်။..................
ထယ်သည် အခန်းထဲဝင်ဝင်ချင်းတွင်
သူ့ခပ်သြသြအသံဖြင့် Jiminအား
အော်ခေါ်တော့သည်။ထယ်ရဲ့ခပ်
သြသြအသံဖြင့်အော်တိုင်း
Jiminရော Jungkookပါလှန့်သွား၏။"Jimin ရေ...."
"လန့်လိုက်တာကွာ.."
Jiminကသူ့ရင်ဖတ်လေးသူဖိကာပြောသည်။
Jungkookသည် စားပွဲပေါ်တင်ထားသော
ရေကရားထဲမှရေငှဲ့ကာ Jiminကိုလာပေးသည်။ကျောလေးကိုသပ်ပေးနေသည်။
ထယ်သည် အဖြစ်သည်းနေသူနှစ်ယောက်အားကြည့်ကာ စိတ်ကုန်လျက်။
Jiminကိုရေတိုက်ပြီးနောက် Jungkookက
ရေချိုးခန်းထဲဝင်သွားသည်။ထိုအခါမှထယ်ကစကားစပြောတော့သည်။"မင်းတို့ကတွဲနေကြတာလား......?"
"မဟုတ်ပါဘူး.....ဘာဖြစ်လို့လဲ?"
"Jungkookက မင်းကိုဂရုစိုက်လွန်းတယ်
သူမင်းကိုကြိုက်နေတာ ထင်တယ်...။"Jimin၏ပါးလေးတွေရဲတက်သွားကာ
ခေါင်းငုံ့ပြုံးနေမိသည်။ထယ်ပြောသလို
သူလည်း Jungkookကသူ့ကိုကြိုက်နေသည်ဟုထင်ပါသည်။သူ့ဘက်ကလည်း
Jungkookအပေါ်မှာ ခံစားချက်ကရှိနေပြီးသားမို့ ဖွင့်ပြောလာတာကိုစောင့်နေမိခြင်း။
![](https://img.wattpad.com/cover/326486576-288-k836091.jpg)