အဆောင်ကနေခိုးထွက်လာတာကြောင့်
အဆောင်ကိုတော့ပြန်လို့ရမည်မဟုတ်ပေ။
ဒါကြောင့် ဝမ်းကွဲအစ်ကို့အိမ်သွားဖို့ဆုံးဖြတ်လိုက်သည်။စီနီယာသည် ဘာစကားမှလည်း
မပြော တက်ဆိုလို့သာတက်လိုက်လာတာ
စိတ်နဲ့လူနဲ့မကပ်။သူချွတ်ပြီးဝတ်ပေးထားတဲ့
သရေဂျာကင်ရဲ့ အစလေးနှစ်ဖက်ကိုလုံးချေနေသည်။တကယ်ဘဲဘာတွေဖြစ်လာတာလဲဆိုတာလည်းမေးမရ။" Hoseok Hyung..... "
"အေး Jungkook. .."
"ကျွန်တော် Hyungအိမ်လာချင်လို့။"
"ဒီအချိန်ကြီး မင်းကအပြင်ရောက်နေတာလား.......?"
"အင်း ကိစ္စလေးတွေရှိလို့..."
"မင်းရန်ဖြစ်လာတာတော့
မဟုတ်ပါဘူးနော်......""မဖြစ်ပါဘူး...."
"သေချာလို့လား....."
"ဒါဘဲဗျာ......
အခန်းတံခါးလာဖွင့်ပေး
ခဏနေရင်......""Ok..."
ဖုန်းချလိုက်ပြီးနောက် ဘေးကစီနီယာကို
ကြည့်လိုက်တော့လည်း ခုနကအတို်င်း
အင်ကျီကိုလုံးချေနေတုန်း။
လက်သေးသေးလေးကိုဆွဲယူလိုက်တော့အေးစက်နေသည်။နှစ်ဖက်လုံးကိုဆွဲယူကာ
သူ့လက်တွေနဲ့ဆုပ်ကိုင်ထားလိုက်တော့
အစအနပင်ရှာမရအောင် မြုပ်သွားရသည်က
စီနီယာလက်ကလေး။သူတင်းတင်းကြပ်ကြပ်
ဆုပ်ကိုင်ကာ အနွေးဓာတ်ရအောင်လုပ်ပေးနေရသည်။"ဘာ .....ဘာလုပ်တာလဲ.."
Jiminသည် သူ့လက်တွေကိုလူးလွန့်ရုန်းကြည့်မိသည်။ဘာလိုမှလှုပ်မရအောင်ကို
Jungkookက သူ့လက်တွေကိုဆုပ်ကိုင်ထားသည်။"ငြိမ်ငြိမ်နေ....
အေးစက်နေတာဘဲ လက်တွေကလည်း..."Jungkookသည် လက်လေးကိုသူ့နှုတ်ခမ်း
နားလေးထိဆွဲယူကာ အာငွေ့ပေးနေသည်။
Jiminသည် ခုနကတုန်းကပြေးထွက်လာ
သည့်တိုင်း ခုလည်း ရင်ခုန်သံတွေမြန်နေကာမောနေသည်။တော်တော်လေးနွေးသွားပြီဆိုမှJungkookက သူ့လက်ကိုလွှတ်ပေးသည်။ထို့နောက် ကားကိုပြန်မောင်းသည်။
Jiminသည် သူ့လက်ကလေးတွေကို
အချင်းချင်းဆုပ်ကိုင်ထားရင်
ပျော်ရွှင်ခြင်းလားကြည်နူးခြင်းလားမသဲကွဲသည့်ခံစားချက်ကလေးဖြင့် ငြိမ်ငြိမ်ကလေး
ထိုင်လိုက်လာသည်။