Part6

3.8K 336 18
                                    

ရက်တချို့ပဲ့ကြွေသွားပြီးနောက်
အရာအားလုံးဟာ အဆင်ပြေပြပင်။
Jungkookကမနက်ကနေညနေထိ
သူ့အနားတစ်​ေနကုန်လိုရှိနေတတ်သည်။
အချိန်ရရတာနဲ့ သူ့ဆီပြေးလာကာ
အမြဲလိုလိုပင် ထယ်နဲ့ရန်ဖြစ်လိုက်
အတန်းလေးပြန်တက်လိုက်နဲ့ အရာအားလုံးဟာအေးအေးချမ်းချမ်းဖြင့်လည်ပတ်နေသည်။ကိုယ်သဘောကျရတဲ့သူက
ကိုယ့်အနားမှာ ကော်လိုကပ်နေတာဟာ
​ေဖာ်မ​ြပနိုင်တဲ့ ပျော်ရွှင်မှုမျိုး..။

ရှေ့မှ ကျောက်သင်ပုန်းပေါ်ဆရာရေးပြနေသောစာတစ်ချို့ကိုလိုက်ရေးနေစဉ်
ဘေးကနေလှုပ်စိလှုပ်စိဖြင့် အာရုံမစိုက်နိုင်အောင်လုပ်နေသော လူဆိုးကောင်က
ရှိနေသည်။
စာလိုက်ရေးနေတဲ့ သူဖောင်တိန်လေးကို
မတော်တဆလိုလိုဖြင့် ခဏခဏလာတိုက်နေသည်။လှည့်ကြည့်လိုက်ရင်လည်း
သူဘာမှမသိသလိုနှင့်။
တကယ်အသည်းယားစရာ​လေး...။
သူသဘောကျရတဲ့ ယုန်သွားနှစ်ချောင်း
ကိုလည်း မကြာခဏထုတ်ပြနေသည်။
နောက်တခါလာတိုက်ရင်တော့အမိအရကို
ဖမ်းရမည်။
နောက်တကြိမ် လက်လှမ်းလာတာကိုသူမြင်တာနဲ့ဖမ်းမလို့ရွယ်ကာရှိသေး
သူ့ဘေးက ထယ်သည်ပေတံစောင်းနဲ့
ခေါက်ချပစ်လိုက်သည်မှာခွက်ခနဲဘဲ....။
Jungkookက သူတို့မေဂျာကိုလာသည့်
အချိန်တိုင်းလိုပင် ထယ်နဲ့သူ့ကြားကို
မရရအောင်ဝင်ထိုင်တတ်သည်။

Jungkookသည် သူ့လက်သူအုပ်ကိုင်ကာ
မျက်ထောင့်နိီကြီးဖြင့်လှည့်ကြည့်လာသည်။
ထယ်သည် သူခုနကလုပ်သလိုမျက်နှာပေးမျိုးလုပ်ပြလိုက်သည့်အခါ စွေ့စွေ့ခုန်မတတ်ပင်။ဆရာသာမရှိနေရင် ပွဲဘဲ...။
ခုတော့ကြည့်ရုံသာကြည့်နေရသည်။
စီနီယာဘက်လှည့်ကြည့်လိုက်သောအခါ
ပြုံးစိစိနှင့်.....။

ထယ်သည် ကျေနပ်အားရသွားသည်။
ရည်းစားလည်းမဟုတ်ပါဘဲ
စာသင်ခန်းထဲလာပြီး ချစ်ကြည်နူးတစ်တီတူးနေကြတာ သူတောင်အေးစက်စက်လူကြီးကိုသွားသတိရတယ်။ခုတော့ဖြင့်ပေစောင်းစာမိသွားသည့် Jungkookကို ကြည့်ကာ
ကျေနပ်အားရလိုက်သည့်အဖြစ်....။

အချိန်အတော်ကြာထိမျက်နှာကြီးတည်လျက် ထိုင်နေတော့သည်။
Jiminသည် မနေနိုင်သည့်အဆုံးတွင်
သူ့လက်အားယူကြည့်လိုက်သည့်အခါ
လက်ခုံပေါ်တွင်နီနီရဲရဲလေးထင်နေသော
ေပတံစောင်းရာကြောင့်စိတ်မကောင်းဖြစ်သွားရသည်။သူထိုနေရာလေးကို ဖွဖွလေး
ပွတ်ကြည့်လိုက်သည်။တချက်တွန့်သွားပြီးနောက် ငြိမ်သွားသည်။

LoVe StoRyWhere stories live. Discover now