Part16

3.2K 288 13
                                    

ဆေးရုံကနေဆင်းလာပြီးတော့
ခဏတော့ အိမ်မှာနေရသေးသည်...။
အမေသည်နေ့တိုင်း မရိုးနိုင်သောပူညံပူညံစကားတွေကိုဆက်တိုက်ပြောနေခဲ့ပြီး
သူကတော့ မှုန်ကုပ်ကုပ်ဖြင့် .....။
နားတွေအလွန်ညီးလာသောအခါ
မနက်ထိအောင်ကိုမစောင့်တော့
ညတွင်းပင်အထုပ်ဆဲွဲပြီး
အဆောင်ကိုပြေးလာခဲ့ရသည်....။

ကျောင်းဝန်းထဲခြေချလိုက်တာနဲ့ အမှတ်တရတွေက ဆီးကြိုတော့တာဘဲ...။
Mainလမ်းပေါ်ဖြတ်လျောက်တော့လည်း
သတိရ....။အဆောင်ကိုလှမ်းမြင်နေရတော့လည်း သတိရ၊မေဂျာဆောင်ကြီးမြင်တော့လည်း သတိရ....။
အခန်းတံခါးဖွင့်ပြီးဝင်လိုက်တဲ့အချိန်မှာ ပိုဆိုးတော့တာဘဲ....။
သူ့အငွေ့အသက်တွေအပြည့်နဲ့
ဒီအခန်းက သိပ်ပြီးခြောက်ခြားစရာ
ကောင်းနေပြန်သည်......။

အဝတ်ထုပ်ကိုနေရာချပြီးတဲ့နောက်
မျက်နှာချင်းဆိုင်က အနက်ရောင်ခုတင်လေးကို ကြည့်လိုက်မိသည်....။
​​ေ​ြခလှမ်းတွေက ထိုခုတင်ဘက်ကိုရောက်ရှိသွားပြီး ထိုင်ချလိုက်တဲ့အချိန်မှာတော့
အငွေ့အသက်တွေက စီးကြို​ေတာ့သည်။
မိန်းမတစ်ယောက်နဲ့ နမ်းနေတာထက်
ဒီလိုမျိုးရေမြေတွေခြားနေတာက
ပိုဆိုးပါသည်...။
ရည်းစားတွေအများကြီးထားလည်း
ဘေးမှာသူရှိနေတာလေးက နေသာသေးသည်။ခုလိုမျိုးကြီး ရေမြေခြားသွားတော့
အဆင်မပြေဘူးလေ.....။

အနက်ရောင်စောင်လေးကိုဆဲွဲခြုံရင်း
အိပ်ရာပေါ်လှဲချလိုက်သည် မနွေးထွေးတော့
သော်ငြား အငွေ့အသက်တွေကရှိနေတုန်းဘဲ..။သူ့ကိုယ်သင်းနံ့လေးဆွဲထင်နေတဲ့
စောင်လေးကိုခေါင်းထိလုံအောင်ဆွဲ
ခြုံရင်း ထိုအနံ့လေးကိုရူရှိုက်နေလိုက်သည်။
မငိုတော့ပါဘူး မျက်စိတွေနာလို့....။
ရင်နင့်ရပေမယ့်လည်း မငိုတော့ဘူး..။
ဒီစောင်လေးက နွေးထွေးလို့.....။
အငွေ့အသက်တွေကိုရူရှိုက်ရင်း အိပ်ပစ်လိုက်သည်...။
မင်းကငါ့ကိုထွေးပိုက်ထားတယ်လို့
ခံစားရလို့......။

မနက်ခင်းနေရောင်ခြည်က ထိုးဖောက်ဝင်ရောက်လာတော့ အကျင့်အတိုင်း
စာကြည့်စားပွဲပေါ်က မျက်မှန်ကိုလိုက်စမ်းနေမိသည်.....။
သူအခုမျက်မှန်မလိုတော့ဘူး ဆိုတာသတိရမှ ရပ်လိုက်မိသည်.....။
ခေါက်ရိုးကျိုးနေတဲ့ အကျင့်တွေက
ဖျောက်ဖို့သိပ်ခက်ခဲတာဘဲ။
ဆေးရုံတက်နေရင်းပင် ထယ်ကမျက်စိဆရာဝန်နဲ့ပြပေးပြီး မျက်ကပ်မှန်တပ်ရန်
အားတက်သရော တိုင်ပင်သည်...။
ထယ့်ကျေးဇူးနဲ့အခုတော့ သူ့မျက်နှာ
တစ်ဝက်လောက်ထိဖုံးနေသော
ရုပ်ဆိုးဆိုးမျက်မှန်ကိုဖယ်ရှားနိုင်လိုက်ပြီ။
ဆံပင်တွေကိုလည်း အနက်ရောင်ပြန်ဆိုးလိုက်ပြီး အရာရာဟာအရင်တိုင်းပင်..။
ပါဝါထူထူမျက်မှန်နှင့် Jeon Jungkook
မပါတော့တာကလွဲရင်....။

LoVe StoRyWhere stories live. Discover now