Part19

3.7K 304 30
                                    

ဘယ်ချိန်တွေးကြည့်တွေးကြည့်
ငါယောကျားရတော့မှာပါလားဆိုတဲ့
အတွေးကြီးဟာသိပ်ကိုစိတ်ပျက်စရာကောင်းလှသည်။ရုတ်တရက်ဆန်ဆန်ဖြစ်ပျက်သွားတဲ့အဖြစ်ပျက်တွေကို မနဲလိုက်မှီအောင်
ကြိုးစားခဲ့ရသည်။ပြီးတော့သူယူရမယ့်သူဟာတက္ကသိုလ်တုန်းကသူတစ်ဖက်သတ်ကြိုက်ခဲ့ရတဲ့သူဖြစ်နေတော့ ပျော်ဘဲပျော်ရမလား စိတ်ဘဲညစ်လိုက်ရမလားကိုမသိတော့။
အဲ့ဒီနေ့ကနေစပြီး Jungkookက သူ့အိမ်မှာလာနေသည်။မနက်စာကစ ညစာအဆုံး
ရုံးသွားဖို့အင်ကျီတွေရော ဖိနပ်လေးတွေပါမကျန် သူ့တစ်နေ့တာက Jeon Jungkook
လက်ထဲမှာ.....။ခုလည်းမနက်စာပြင်ပေးနေသည့်ကျောပြင်ကြီးကို နောက်ကနေထိုင်ကြည့်ရင်း အတွေးတွေကမျိုးစုံဝင်နေပြန်သည်။

မနက်စာပန်းကန်ကိုချပေးတဲ့အထိ
မလှုပ်မယှက်ထိုင်နေသူကို ​ကြည့်ရင်း
Jungkookခေါင်းခါမိသည်။ခုတလောအခြေအနေတွေကမြန်ဆန်လွန်းတာကြောင့်
သူလက်ခံနိုင်ဖို့အချိန်လိုပါတယ်လေဆို
ပြီးလွှတ်ပေးထားခဲ့သည်။အခုလို မက်မိုးလင်းကနေမိုးချုပ်ထိုင်တွေးနေကြီးကျ
အဆင်မပြေဘူးလေ....။ရုံးကိုသွားရင်လည်း
ကားနဲ့မသွားချင်ဘူးဆိုတာကြောင့်
သူ့စက်ဘီးလေးနဲ့နှစ်ယောက်သားသွားကြရသည်။နောက်ကထိုင်လိုက်ရင်းလည်း
တွေးလာတာဘဲ.....။ရုံးကသူ့နေရာမှာထိုင်ရင်းလည်းတွေးနေတာဘဲ ဒါကြောင့်
ဒိုဂွမ်က ခဏခဏဆူလို့ ဒိုဂွမ်ကိုပညာပြထားရသေးသည်။သူ့​သေးသေးလေးကို
ထိလို့ကတော့ ဒိုဂွမ်တို့အဲ့ဒီနေ့နှစ်ဆပြန်ပြီး
အဆူခံရပြီဘဲ.....။မကြာခင်မှာဆက်ခံသူဖြစ်လာမယ့် Jeon Jungkookက
နေ့တိုင်းစက်ဘီးနင်းပြီးရုံးကိုလာတဲ့သတင်းက ရုံးတွင်းGpများတွင်ဂယက်....။
ဒါတင်မကသေး မကြာခင်မှာလက်ထပ်တော့မည့်ခင်ပွန်းလောင်းလေးက နောက်မှာကပ်လျက်ပါလာပြီး ထိုလူကစကားပြန်ဋ္ဌာနက
Parkjiminဆိုပြီး နာမည်ကြီးကာ
အုတ်အော်သောင်းနင်း .....။မနေ့ကမှ
မိတ်ဆက်ပေးခဲ့တာကြောင့် ရုံးအတူလာတဲ့
သူတို့နှစ်ယောက်ကို အမျိုးမျိုးဝေဖန်လေကန်နေတဲ့သူတွေ အကုန်ပါးစပ်ပိတ်ကုန်ကြရတော့သည်။

မိတ်မဆက်ပေးလို့လည်းမရတော့ဘူး
Jiminကိုအမျိုးအထွေထွေစောင်းမြောင်းပြောဆိုနေကြသူတွေတစ်နေ့တစ်ခြားများလာတာကြောင့် တရားဝင်မိတ်ဆက်ပေးခဲ့ရသည်။ဒီရက်အနည်းငယ်အတွင်းမှာပင် မျိုးစုံကြုံတွေ့ခဲ့ရသောကြောင့်
ဒီလိုအချိန်တိုင်းတွေးနေခဲ့တာဖြစ်မည်။

LoVe StoRyWhere stories live. Discover now