Part13

3.2K 281 12
                                    

မနက်မိုးလင်းလင်းချင်းယူကြည့်လိုက်မိသည်က စာကြည့်စားပွဲတွင်တင်ထားသော
ပြက္ခတိန်အသေးလေးကိုပင်....။
လကုန်ရက်နီးလာလေ စိတ်တွေထိုင်းမှိုင်းလာလေမို့ ပြက္ခတိန်လေးကို စာကြည့်စားပွဲပေါ်
ပြန်တင်လိုက်ကာ မျက်နှာချင်းဆိုင်ရှိ
အဝါရောင်စောင်လေးကြား လုံးထွေးကာ
ပူတင်းလိုဖြစ်နေသော စီနီယာ့မျက်နှာလေးကိုငေးကြည့်နေမိသည်။သူ့ဘက်ကိုစောင်းအိပ်နေတာမို့ ဖိထားသောပါးလေးတစ်ဖက်
ကခေါင်းအုံးကြားအိဝင်နေသည်။နှုတ်ခမ်းလေးကဆူထွက်နေကာ ဘဲနှုတ်သီးလေးအတိုင်း.....။မနေ့ကမှ စီနီယာရဲ့သူငယ်ချင်းဖြစ်သူKim Taehyung ကောင်းမှုကြောင့်
အခုတော့ တစ်ခေါင်းလုံးဆံပင်ဝါဝါတွေ
ဖြင့်..။
အိပ်နေတာမို့ ဆံပင်ဝါဝါတွေကရှုပ်ပွနေကာ
အဝါရောင်ခုတင်ပေါ်က တကယ့်အဝါရောင်ကြက်ပေါက်ကလေးနှင့်ပင်တူနေသေးသည်။
ဘာနေနေ စီနီယာ့ကိုဆိုမှတ်တမ်းတင်ထားတတ်သည့်အကျင့်လေးကြောင့် ဖုန်းကိုဆွဲယူကာ ဓာတ်ပုံရိုက်နေလိုက်သည်...။

Zoomကိုချဲ့ကာဘဲနှုတ်သီးလေးတွေကို
အသည်းယားနေရသည်....။တရားဝင်အပိုင်ရတဲ့နေ့ကတော့ Jeon Jungkookတို့ပဲ့ထွက်သွားအောင် နမ်းပစ်လိုက်ဉီးမယ်.....။အချိန်တော်တော်ကြာတာတဲ့အထိ ခေါင်းအောက်လက်မောင်းခုကာ ကြည့်နေမိသည်။
ဆောင်းဉီးရဲ့အအေးဓာတ်တွေကြားမှာ
နွေးထွေးတဲ့စောင်ပုံထဲကွေးရင်း အဝါရောင်အလှတရားလေးကိုခံစားရတာဟာ
တကယ့်ကို အေးချမ်းရာအစစ်...။

သူကြည့်နေခိုက်မှာပင် စောင်ဝါဝါလေးထဲမှ လက်သေးသေးလေးတစ်ဖက်ထွက်လာကာ
စာကြည့်စားပွဲပေါ်ရှိ ပါဝါထူထူမျက်မှန်ကို
လိုက်စမ်းကာရှာနေသည်...။မျက်လုံးလေးတွေကအိပ်ထားတာမို့ဖောင်းအစ်နေကာ
ဖွင့်လည်းမကြည့်လာဘဲ လိုက်စမ်းနေသည်။
အသည်းယားလွန်းလို့ ဖျစ်ညစ်ပစ်လိုက်ချင်တဲ့စိတ်ကိုမနဲမျိုချနေရတယ်.....။စမ်းလို့တွေ့သွားပြီးနောက်မျက်မှန်ကိုယူတပ်လိုက်ကာ
မျက်လုံးလေးတွေဖွင့်ကြည့်လာသည်....။

"Jungလေး ဘယ်ချိန်ထဲကနိုးနေတာလဲ...?"

"တော်တော်ကြာပြီ....မထချင်သေးလို့ကွေးနေတာ...."

LoVe StoRyWhere stories live. Discover now