Part17

3.4K 303 15
                                    

ဂျယ်ဂျူဒိုမြို့အစွန်ရဲ့ သစ်လုံးအိမ်ကလေးသည် အေးချမ်းကာတိတ်ဆိတ်နေသည်။
ပင်လယ်၏ကမ်းပါးစွန်းတွင်ဖြစ်သောကြောင့်လှိုင်းသံတွေသာ ပတ်ဝန်းကျင်တစ်ခွင်ပဲ့တင်ထပ်နေသည်....။
အိမ်လေး၏ အိပ်ယာဝါဝါလေးပေါ်တွင်
နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော
ချစ်စရာလူသားလေးတစ်ယောက်ရှိသည်...။

ဖောင်းအစ်အစ်မျက်ခွံ့လေးတွေသည်
မျက်ဝန်းကျဉ်းကျဉ်းလေးတွေကိုမမြင်အောင်ဖုံးကွယ်ထားသည်။တိုစိပ်စိပ်မျက်တောင်လေးတွေဟာ လှုပ်ရှားမှုကင်းမဲ့နေသည်..။
ရုတ်တရက်ဆိုသလိုပင် မျက်ခွံ့ဖောင်းဖောင်းလေးတွေ ဖျတ်ခနဲပွင့်လာသည်...။
အသည်းအသန်ကုန်းထကာ Jiminနာရီကြည့်လိုက်တော့ ရှစ်နာရီတိတိဖြစ်သည်..။
အိပ်ယာပေါ်မှဝုန်းခနဲထကာ ရေချိုးခန်းကိုဝင်ပြေးရသည်...။
ဒါသည် Sundayပြီးရင်ဖြတ်သန်းရသည့်ပုံမှန်နေ့ရက်ဖြစ်သည်...။ရေကိုအမြန်ချိုးကာ
အဝတ်အစားကိုအမြန်လဲလိုက်ရသည်။
အားလုံးကိုကပြာကယာပြင်ဆင်ပြီးချိန်တွင်
နာရီကြည့်လိုက်တော့ ရှစ်နာရီခွဲ၊စက်ဘီးနှင့်
သွားရမှာမို့ဒီအချိန်ဟာ အနည်းငယ်တော့နောက်ကျနေပြီလို့ဆိုရမှာပင်...။

ဟုတ်ပါတယ်..။အခုဆိုရင်သူဟာ
အလုပ်အကိုင်အတည်တကျနဲ့ လူငယ်မက
လူလတ်အရွယ်မကျသော အသက်ရွယ်ကိုဖြတ်နေသန်းနေသည်..။သူကျောင်းပြီးသွားသည့်နောက်တွင် မမကြီးကလက်ထပ်သွားခဲ့ပြီး မမကြီးအလုပ်လုပ်ခဲ့သော ကုမ္ပဏီမှာပင်သူအလုပ်ရခဲ့သည်..။အမေက သူ့ခေါက်ဆွဲဆိုင်လေးကိုပိတ်လိုက်ပြီး Jiminရဲ့လစာထုတ်ရက်ကိုမျှော်တဲ့အလုပ်ကိုသာလုပ်သည်။အဖေကတော့ အနည်းငယ်လျော့သွားတာကလွဲရင် ဘာမှမပြောင်းလဲ...။
ဆိုးလ်ရုံးချုပ်မှာ အလုပ်လုပ်ပြီးတစ်နှစ်အကြာတွင်ဂျယ်ဂျူကိုပြောင်းခဲ့ရသည်..။
တရုတ်မေဂျာဖြင့်ကျောင်းပြီးထားသောကြောင့်သူ့အလုပ်ဟာ တရုတ်စကားပြန်တစ်ယောက်ဖြစ်လာသည်။

ဒီကြားထဲမှာပြောင်းလဲသွားတာတွေကအများကြီးပင်....။ထယ်သည် သူတို့တတိယနှစ်တက်နေသည့်အချိန်တွင် ကုန်တိုက်မှာသီချင်းဝင်ဆိုခဲ့သောကုမ္ပဏီတစ်ခုမှ
ဆက်သွယ်လာတာကြောင့် idolတစ်ယောက်အဖြစ်ရပ်တည်ဖို့ရန် အစဖြစ်လာသည်။
ထယ်ရဲ့ကြိုးစားမှုတွေအရ အခုချိန်တွင်
ထယ်ဟာ တောင်ကိုးရီးယားတစ်နိုင်ငံလုံးရဲ့ကလေးလူကြီး အသက်အရွယ်မရွေး
ချစ်ခင်ပေးမှုကိုရရှိနေသူလည်းဖြစ်သည်။
Yoongi hyungကတော့ ထယ်ရဲ့မန်နေဂျာဖြစ်လာပြီး ခုထိတွဲနေကြဆဲပင်..။
မကြာခင်မှာလက်ထပ်တော့မည်ဖြစ်ကြောင်းကိုလည်း ထယ်ကကြောငြာထားသည်။
ထိုကြောငြာချက်ကြောင့် တစ်နိုင်ငံလုံးဂယက်တွေထခဲ့ကြသည်။အုတ်အော်သောင်းနင်းတွေဖြစ်ကာ လက်ခံနိုင်သူတွေရှိသလို လက်မခံချင်ကြတဲ့သူတွေလည်းရှိသည်..။ထယ်ရဲ့အနုပညာနာမည်ကVဖြစ်သည်..။Vဆိုတာ ကိုရီးယားလူမျိုးတို့ရဲ့အသည်းကြော်ဖြစ်နေသည်ကြောင့်
အကျိုးဆက်ကအနည်းငယ်ပြင်းထန်သည့်အတွက်Yoongi hyungသူ့ဆီမှာခဏလာနေရသေးသည်...။
အခုတော့အားလုံးကလက်ခံပေးဖို့ကြိုးစားနေကြသည်။သူတို့idolချစ်တဲ့သူကိုသူတို့လည်း
ချစ်နိုင်ပါတယ်တဲ့လေ...။ဘယ်လောက်ချစ်စရာကောင်းလိုက်တဲ့ fanလေးတွေလဲ..။

LoVe StoRyWhere stories live. Discover now