Part15

3.3K 286 16
                                    

"ဘာတွေဖြစ်ကြတာလဲ
Jiminရာ ငါကအဆင်ပြေသွားပြီလို့
ထင်နေတာ......"

Jiminက ဆိုဂျူခွက်ကိုမော့သောက်နေသည်။လေဆိပ်ကနေပြန်လာပြီးထဲက
ဟန်မြစ်ကမ်းဘေးက ဆိုဂျူဆိုင်မှာ
လာသောက်နေကြခြင်း။စီနီယာနှစ်ယောက်ကတော့ ပြန်သွားပြီမို့သူတို့နှစ်ယောက်သာ
ကျန်ခဲ့သည်....။ရောက်တည်းက
ဘာတစ်ခွန်းမှမပြောဘဲသောက်နေတာ
ပုလင်းတွေတောင်များနေပြီ....။သူကိုယ်တိုင်လည်း ရီရီဝေဖြစ်နေပြီမို့ ထယ်က
Jiminကိုမေးလိုက်သော်လည်း ပြန်ဖြေမလာ။သောက်ပြီးရင်းသာသောက်နေတော့သည်....။

"မေးနေတာလည်း ဖြေဉီးလေ...."

အရက်ခွက်ကိုချလိုက်ပြီးတဲ့နောက်မှာ
Jiminက ပြန်ကြည့်လာသည်....။
အရက်ကြောင့်နီမြန်းနေတဲ့မျက်နှာလေး
ပိုနီမြန်းလာပြီး ရီရီဝေဝေမျက်ဝန်းတွေမှာ
မျက်ရည်တို့ရစ်သိုင်းလာသောအခါ...။
ထယ်မျက်လုံးပြူးသွားရသည်...။

ကျိုးပဲ့နေသော အစိတ်အစုံကို
အရက်နဲ့မျောချဖို့ကြိုးစားသော်လည်း
မှုးလေပိုပြီး ကျိုးပဲ့ရလေဖြစ်လာသည်။
ေမ့ဖျောက်ထားချင်ခဲ့မှတ်ဉာဏ်တွေက
ရုပ်ရှင်အနှေးပြကွက်တွေလို ဉီးထဲကိုဝင်ရောက်လာတော့ အရက်ရှိန်နဲ့နီရဲနေတဲ့ပါးဖောင်းဖောင်းပေါ်ကို ပူနွေးနွေးအရည်တချို့
ဖြတ်သန်းသွားသည်..... ။

"မိန်းကလေးတစ်ယောက်နဲ့ နမ်းနေတာ.."

"ဘယ်သူကလဲ...."

ရုတ်တရက်ထွက်လာသောစကားကို
ထယ်ကနားမလည်တာကြောင့်ပြန်မေးသည်..။

"ဘယ်သူရှိရမလဲ ငါ့ရဲ့အချစ်ဉီးလေး
Jeon Jungkookပေါ့...."

Jiminသည် ပါးစပ်ကလည်းပြောနေရင်း
လက်ကလည်းခွက်ထဲကို ဆိုဂျူတွေထည့်နေပြန်သည်.....။ဆက်တိုက်ကျဆင်းလာတဲ့
မျက်ရည်တွေဟာ ဘယ်တော့မှမကုန်နိုင်တော့မယ့် ပင်လယ်ရေတွေလို....။

"ဘယ်ကောင်မနဲ့နမ်းတာလဲ...
ငါ့ကိုပြော ငါသွားရိုက်ပေးမယ်..."

ထယ်သည် မာန်ပါပါပြောရင်း မတ်တပ်
ထရပ်လိုက်သည့်အခါ ပြိုလဲကျသွားသည်..။
Jiminက ယိမ်းယိုင်နေတဲ့သူ့ကိုယ်သူထိန်းရင်း ထယ့်ကိုဆွဲထူသည်....။
ထယ်ကအားယူပြီးပြန်ထကာ နေရာမှသေချာထိုင်ပြီးမှ Jiminသူ့နေရာသူပြန်ထိုင်သည်။

LoVe StoRyWhere stories live. Discover now