Part18

3.7K 305 19
                                    

Jungkookသည် အမှုးသမားလေးအား
Barမှခက်ခက်ခဲခဲခေါ်ထုတ်လာခဲ့ရသည်။
သစ်လုံးအိမ်လေးထဲက အိပ်ယာပေါ်ကိုတင်ပေးပြီးမှ သက်ပြင်းချနိုင်တော့သည်။
အိမ်ထဲကိုဝင်ဖို့ သိပ်မခက်ခဲ။တစ်နေ့လုံးနောက်ကနေတကောက်ကောက်လိုက်ကြည့်ထားတာကြောင့် ဘယ်နေရာမှာသော့ရှိတယ်ဆိုတာကစ အကုန်သိနေသည်။သူ့နေရာမှာမကောင်းတဲ့သူသာဆို ဘယ်လိုလုပ်ကြမလဲ
စီနီယာဟာခုထိကို နမော်နမဲ့နိုင်တုန်း....။
အိပ်ယာပေါ်ကိုသေချာတင်ပေးပြီးနောက်
ဖိနပ်ချွတ်ပေးလိုက်သည်။ပြီးနောက်
Longcoatကိုလည်းချွတ်ကာ အိပ်ရတာ
သက်တော့သက်သာရှိစေရန် လုပ်ပေးနေရ၏။

ပါးနှစ်ဖက်လုံးနီမြန်းကာ အိပ်မောကျနေပုံဟာငယ်ငယ်ကကြည့်ခဲ့ရသော ကာတွန်းကားထဲမှစနှိုးဝိုက်မင်သမီးလေးအိပ်မောကျနေသလို အသည်းယားစရာကောင်းလှသည်။ဖူးကြွနေသောနှုတ်ခမ်းလေးဟာလာပါနမ်းလှည့်ပါလို့အော်ခေါ်နေသယောင်.....။ခန္ဓာကိုယ်ကိုငုံ့ကိုင်းရင်းထိုနှုတ်ခမ်းလေးနားကိုတိုးကပ်သွားလိုက်သည်။
နီးကပ်လွန်းတဲ့အနေအထားမှာ
တစ်ယောက်ဝင်သက်ထွက်သက်ကို
တစ်ယောက်ခံစားမိသည်အထိ....။

ထိကပ်မိလိုက်တဲ့နှုတ်ခမ်းတစ်စုံဟာ
အိစက်နေသည်မှာ ဝါဂွမ်းလေးလို
အသည်းယားလို့ စုပ်ယူနမ်းရှိုက်မိတော့
မျက်ဝန်းလေးတွေက ဖွင့်သည်ဆိုရုံမျှ
ဖွင့်ကြည့်သည်။နှုတ်ခမ်းတွေကို
လွှတ်ပေးလိုက်ပြီး အကြည့်ချင်းဆုံလိုက်သည်။

"Jungလေးလား......"

"ဟုတ်တယ် စီနီယာရဲ့Jungလေး...."

လက်နှစ်ဖက်ကိုပခုံးပေါ်ယှက်တင်ကာ
နှုတ်ခမ်းလေးကိုဆူပေးလာသည်။

"နမ်း........
နမ်းပေးဉီး ငါ့ကို...."

ချစ်စရာလေးကွာ....။ခပ်စူစူနှုတ်ခမ်းလေးကို
စုပ်ယူနမ်းရှိုက်လိုက်သည်။ချိုသည်။
အထိအတွေ့ကထူးကဲသည်။
နမ်းပြီးရင်းနမ်းနေရတာတောင်အားမရချင်တော့ ......။​အောက်နှုတ်ခမ်းကိုခပ်ဆက်ဆက်ကလေးကိုက်ချပစ်လိုက်တော့
မတိုးမကျယ်ညည်းသံလေးဟာ
သစ်လုံးအိမ်ကလေးအတွင်းထွက်ကျလာသည်။ရင်ဘတ်ကိုထုရိုက်လာသော
လက်သီးစုပ်ကလေးတွေကြောင့်
အနမ်းတွေကိုရပ်တန့်ပေးလိုက်တော့
အသက်လုရူနေသော ခပ်ဟဟနှုတ်ခမ်းလေးကိုကြည့်ပြီးနမ်းချင်လာပြန်သည်။

LoVe StoRyWhere stories live. Discover now