Part14

3K 292 29
                                    

ရှေ့မှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်
ပါးရိုက်ခံလိုက်ရသလိုခံစားခဲ့ရသည်။
သူအချိန်ပေးပြင်ဆင်ခဲ့ရသမျှ ဒီလိုမြင်ကွင်း
မျိုးကိုမြင်ရဖို့အတွက်မှမဟုတ်တာ...။

သူစောင့်နေခဲ့တဲ့သူက သူ့ဆီလာတဲ့
လမ်းတစ်ဝက်မှာတင် မိန်းမတစ်ယောက်နဲ့
နမ်းနေခဲ့တာ....။ဒါတောင်သူကအရူးလိုမျိုးစောင့်နေခဲ့သေးတာ...။တွေးမထားနိုင်လောက်တဲ့ထိကို....။သူ့မျှော်လင့်ချက်တွေကို
ရိုက်ချိုးသွားတာ....။အများကြီးမျှော်လင့်ခဲ့သူမို့မျှော်လင့်ချက်တွေကိုအရှိန်ပြင်းပြင်းရိုက်ချိုးခံလိုက်ရတဲ့အခါ ခံနိုင်ရည်မရှိခဲ့ဘူး...။မဖြစ်ခဲ့ရင်ဆိုတဲ့အတွေးမျိုးကိုလည်း
မတွေးခဲ့သူမို့ ဒီမြင်ကွင်းကသူ့နှလုံးသား
တစ်ခုလုံးကိုဆွဲထုတ်သွားသလို ခံစားလိုက်ရသည်....။

ထိုမြင်ကွင်းဝေဝါးလာတဲ့အခါ သူမျက်ရည်တွေကျနေပြီမှန်းသိလိုက်ရသည်...။
ဆက်တိုက်ကျဆင်းလာတဲ့မျက်ရည်တွေကို
သုတ်ဖို့အတွက် လက်တွေမြှောက်ဖို့ပင်
အားအင်တွေမရှိတော့....။ဒူးတွေခွေယိုင်မသွားအောင် မနဲအားတင်းနေရသည်...။
မက်မက်မောမောနမ်းနေတဲ့လူနှစ်ယောက်ကတော့ သူ့အားမမြင်ခဲ့ကြ....။
ဒီနေရာမှာသူတို့နှစ်ယောက်ဘဲရှိနေသလိုမျိုး...။
ဘယ်ဘက်ရင်ဘတ်က ထိုးအောင့်လာတဲ့အခါမှာတော့ သူထိုမြင်ကွင်းကိုကျောခိုင်းလိုက်တော့သည်....။အောက်နှုတ်ခမ်းကို
တင်းတင်းကိုက်ပြီး ကျောင်းထဲကနေပြေးထွက်လာလိုက်ခဲ့သည်...။
တက္ကဆီတစ်စီးကိုတားလိုက်ပြီး အိမ်ကိုပြန်ခဲ့သည်..။တက္ကဆီသမားက သူ့ကိုဘယ်သွားမလဲလို့မေးနေခဲ့ပြီး သူကိုယ့်သူဘာဖြေလိုက်မှန်းလည်း မသိတော့သည်အထိ
စိတ်နဲ့ကိုယ်နဲ့လွတ်နေခဲ့သည်.....။

မြို့ပြရဲ့မီးရောင်စုံတွေသည်
ယနေ့တော့နှစ်ထပ်တွေဖြစ်နေသည်....။
အောက်နှုတ်ခမ်းကိုဖိကိုက်လွန်းလို့
သွေးတွေစီးကျလာသည်ကိုသိသော်လည်း
မသုတ်ဖြစ်ခဲ့.....။

ဒီအတောအတွင်း ဂရုစိုက်ခံရတာတွေက
တကယ်တော့ အတုအယောင်တွေဖြစ်နေခဲ့တာလား....။ဒါမှမဟုတ်သူကဘဲအဓိပ္ပါယ်ကောက်လွဲသွားခဲ့တာလားမသိတော့.....။ရင်ဘတ်တစ်ခုလုံးအထိမခံနိုင်လောက်အောင်ထိကို နာလာရသည်..။
မင်းလုပ်ရက်တယ် ဂျောင်လေးရယ်...။

LoVe StoRyWhere stories live. Discover now